Part - 10

11K 1.4K 44
                                    

[Unicode]Yiboမှာ ဖမ်းဖို့အတွက် အားခဲနေပေမယ့် သူ့ရှေ့တည့်တည့်မှာ ရှောင်ကျန့်ကလဲကျသွားတော့ ဒါဉာဏ်များတာလား တကယ်လားမသည်းကွတာမို့ သူ့ဆီကို အတင်းပြေးသွားလိုက်မိသည်။

"ဟေ့လူ . . .  ထစမ်း . .  . "

လဲကျသွားသော သူ့ပုခုံးကို လက်နဲ့ခပ်မြန်မြန်လှုပ်ကာ ထဖို့အတွက်တိုက်တွန်းခဲ့သည်။ သူအတင်းလှုပ်လိုက်တဲ့အတွက် တစ်ဖက်သို့လဲနေတဲ့ရှောင်ကျန့်ရဲ့ကိုယ်မှာ သူ့ဘက်သို့ယိမ်းနွဲ့လာခဲ့သည်။

"ဟင် ! "

ထိုစဉ် မြင်လိုက်ရသည်က သူ့နှုတ်ခမ်းထောင့်က သွေးတစ်ချို့။

*သူတကယ် မေ့လဲနေတာလား ??. . .  သူဘာဖြစ်နေတာလဲ ?? . . *

Yiboမှာ လူဆိုးကိုဖမ်းရမည့်အစား ကယ်တင်ပေးရမလို ဖြစ်နေသည်။ ဒါနဲ့ပဲ သူ ရှောင်ကျန့်ကို ဆေးရုံတင်ပေးလိုက်ရတော့သည်။

ဆရာဝန်လည်း သူ့တာဝန်အတိုင်းစစ်ဆေးဖို့ စမ်းသပ်မှုတွေပြုလုပ်ခဲ့သည်။ နှလုံးခုန်သံတို့ အသက်ရှုသံတို့ ပုံမှန်ဟုတ်မဟုတ် စမ်းသပ်ပြီးသော် သူ့အကျီၤကို တစ်ချက်လှန်ကြည့်လိုက်သည်။ သူ့ပုခုံးတစ်ဖက်ထက်မှာ နီညိုအစင်းရာကြီးတစ်ခုကို တွေ့လိုက်ရတော့ Yiboတောင် မျက်မှောင်တစ်ချက်ကျုံ့သွားရသည်။

သူ့ရဲ့ဒဏ်ရာကိုမြင်ရတော့ ဘာကြောင့်ရယ်မသိ Yiboရင်ထဲဆစ်ခနဲနာကြင်လိုက်ရသလိုပင်။ ဒါပေမယ့် အဲ့ဒီခံစားချက်ကို သူကိုယ်တိုင်ပင်သေချာမသိလိုက်ပါ။

"သူ့ရဲ့ထိခိုက်ဒဏ်ရာတွေက တော်တော်ဆိုးတာပဲ . . . ဘယ်ဘက်ပုခုံးရိုးမှာ အက်ရာတစ်ကြောင်းတွေ့ထားတယ် . .  လူနာရှင် ဘယ်လိုသဘောရလဲ  . .  "

ဘာပဲဖြစ်ဖြစ် သူက ဆေးရုံကိုပို့လာသူမို့ ဆရာဝန်ကတော့ သူ့ကိုလူနာရှင်လို့သတ်မှတ်ထားသည်။ ဆရာဝန်ရဲ့စစ်ဆေးချက်နဲ့ပြောစကားကြောင့် Yiboဘာလုပ်လို့လုပ်ရမှန်းမသိ လူနာကုတင်မှာ မေ့မျောနေတဲ့ ရှောင်ကျန့်ကို တစ်ချက်လှည့်ကြည့်လိုက်မိသည်။

*အဲ့ဒီလို လူဆိုးကောင်အတွက် ငါက ဘာကိုကူညီရမှာလဲ ? . *

ရှောင်ကျန့်ကိုကြည့်ပြီးမျက်နှာတစ်ချက်မဲ့လိုက်ပြီးသော် ဆရာဝန်ကို ပြန်မေးလိုက်၏။

Soulmate (Completed Story)Where stories live. Discover now