Part - 33

8.8K 1.1K 28
                                    

[Unicode]သူ့ရဲ့စကားအဆုံးမှာ ချောင်ယွမ်တစ်ယောက် မျက်ခိုးငွေ့တွေထလာရသည်။ သူမုန်းတဲ့သူက ဘယ်လိုများတရားခံဖြစ်နေရပြန်တာလဲပေါ့။

"ဘာကွ ! "

"အဲ့ဒီတုန်းက ဂိုဒေါင်ထဲကို လူတစ်ယောက်ဝင်လာပြီး ကျုပ်တို့ကိုတိုက်ခိုက်တယ်. . . သူ့တိုက်ခိုက်ပုံကအရမ်းသွက်တယ်လို့ထင်ထားတာ. . . နောက်ဆုံးအဲ့ဒီရဲကိုကယ်ပြေးသွားပြီးတဲ့နောက် ကျုပ်တို့အတင်းမရရအောင်လိုက်တာပေါ့. . . . ကျုပ်လက်ထဲကတုတ်နဲ့ရဲကိုရိုက်ဖို့ဆိုင်းပြင်တုန်း ရှောင်ကျန့်ကြားကနေ ဝင်ခံလိုက်တယ်. .  အဲ့ဒီအခါမှ ရဲကိုကယ်တာရှောင်ကျန့်မှန်းသိတာပဲ. . . နောက်တော့ အဲ့ဒီရဲစုတ်ရဲ့ ရိုက်တဲ့ဒဏ်ကိုခံလိုက်ရပြီး အခုလိုပတ်တီးနဲ့ဖြစ်နေတာ. . .  "

Zeeဆိုတဲ့သူကလည်း သူသိသမျှ အကုန် ထုတ်ပြောနေလေတော့ ကြားရတဲ့ချောင်ယွမ်နားထဲမှာ တဖြည်းဖြည်းခါးသီးလာလေသည်။

"ရပြီ. . ဒီလောက်ဆိုငါပေါက်ပြီ . .  အဖေယုံစားနေတဲ့ကောင်က နောက်ဆုံးတော့အဖေ့ကိုလှည့်စားသွားတာပဲ. . .  သူနဲ့ရဲဘယ်လိုတွေပတ်သက်နေတာလဲ. .  ?? . .  ရှောင်ကျန့် ရှောင်ကျန့်. . . မင်းကြောင့်သာမဟုတ်ရငိ ငါ့အဖေအခုလိုအဖမ်းခံရမှာမဟူတ်ဘူး. . . ငါနဲ့တွေ့မယ် "

ချောင်ယွမ်တစ်ယောက် စိတ်တိုတိုနဲ့မြေအောက်ခန်းထဲမှာ ရှောင်ကျန့်ကိုကြုံးဝါးလို့နေခဲ့သည်။

###############################

At 6:00 AM ;;;
ချမ်းချမ်းအေးအေးမနက်ခင်းတစ်ခုမှာ. . . အနွေးစက်တစ်လုံးကြောင့်နွေးထွေးလို့နေခဲ့သည်မို့ သူ့ကိုယ်ပေါ်မှာစောင်ပါးတစ်ထည်ကလွဲ၍ တခြားရှိမနေ။ သို့သော် ခန္ဓာကိုယ်ထက်ပိုပြီး သူ့ရဲ့လက်တစ်စုံဟာထိန်းချုပ်မှုတစ်ခုနှင့်အတူ ပိုနွေးထွေးနေခဲ့သည်ဟုခံစားခဲ့ရသည်။ အရမ်းလည်းတိတ်ဆိတ်ပြီး အေးချမ်းတဲ့နေရာတစ်ခုလို. . . .  . . . သူဘယ်ကိုရောက်နေတာလဲ ?? . . . .

ခနတိုင်း သိချင်စိတ်နဲ့အားယူဖွင့်ဟခဲ့ရာ. . . ယခုအခါမှာတော့ သူ့မျက်ဝန်းတွေ အောင်မြင်စွာ ပွင့်ဟနိုင်ခဲ့လေသည်။

. . . . . . .  . .  Imm . . . ~~ . . .  ဟင်း. . . . . . . . .

*ငါဘယ်ရောက်နေတာလဲ ?? . . . *

Soulmate (Completed Story)Where stories live. Discover now