Part - 16

10.6K 1.3K 31
                                    

"[Unicode]" wan yibo !    wan yibo ! .   အိပ်ပြီလား. . .  "

ညအချိန်ဖြစ်၍တိတ်ဆိတ်နေသောအိမ်အခန်းတစ်ထောင့်တစ်နေရာမှာ မိုးစက်လေးတွေ တထောက်ထောက်ကျသံကလွဲလို့ အရားအားလုံးတိတ်ဆိတ်လွန်းလှသည်။
ဒီလိုချမ်းအေးအေးအချိန်လေးမှာ ခေါင်းကဒဏ်ရာသိပ်မသက်သာသေး၍ အနားယူဖို့ကြိုးစားစဉ် နားထဲကိုအတင်းနှောင့်ယှက်နေတဲ့ သေနာကောင်ရဲ့အသံ။

မျက်နှာချင်းမဆိုင်ချင်လို့ ကျောပေးလှည့်ထားသော်လည်း ဟိုတစ်ယောက်က လက်ထိပ်ကိုအတင်းဆွဲနေလို့ သူ့ရဲ့လက်က ရှောင်ကျန့်ဘက်ဆီ ပါပါသွားရသည်။

"အဲ့ဒီဘက်ကို မဆွဲနဲ့ဟ. .  ငါအသေနာတယ်. . . ဒီဘက်လှည့်အိပ်ပါလား. .  မင်းမျက်နှာလေးမြင်ရအောင်. . .  "

ကောင်းကောင်းမအိပ်ပါပဲ အမြင်ကပ်စရာကောင်းအောင် စနေ၍ Yiboတကယ်စိတ်ရှုပ်လာပါတော့သည်။
ဖြစ်နိုင်ရင် ဒီနေရာကနေ ထပြန်ချင်သည်။ သူနဲ့ခပ်ဝေးဝေးနေချင်သည်။ လက်ထိပ်ကိုပြတ်သွားစေချင်သည်။

သို့သော်ငြား ဒီနေ့ကို နားက ဝဋ်ခံရဦးမည်ထင့်။ မိုးရွာ၍ ကားအသွားအလာမရှိ။ အဖွားကြီးကလည်း ရှေးလူကြီးမို့ ထိုင်ဖုန်းပဲသုံးသည်။ ထိုင်ဖုန်းတောင် မိုးရွာတော့လိုင်းမမိ။ သံဖြတ်စက်ရှာဖို့ပြင်သော်ငြားလည်း မိုးရွာနေ၍ ဘယ်မှသွားမရ။ Yiboတကယ် ရှေးခေတ်ကို ရောက်နေပါပြီရောလား တွေးမိပါသည်။

"မလှည့်ဘူး. .  ငါနဲ့ခပ်ဝေးဝေးနေ. .  မင်းရဲ့စောက်ပါးစပ်ကိုပိတ်. .  "

"အယ့်. . . wan yiboမအိပ်သေးဘူးလား. . . ဘာတွေတွေးနေတာလဲ. . . မင်းကောင်မလေးအကြောင်းလား. .  နာမည်ကဘာလဲ. . . "

ဒီလိုမျိုးမေးလာတော့ ကိုယ်တို့wan yiboကိုနှိမ်သလိုခံစားရတယ်။ စိတ်ကူးယဉ်စရာမိန်းကလေးတောင်မရှိ အလုပ်ကမိန်းမဖြစ်နေတော့ကား။

" မင်းလို အထန်ကောင်ဟုတ်မနေဘူး. . . "

"သြော်. . ပြောချင်တာ ကောင်မလေးမရှိဘူးပေါ့. .  ဟဟ. .  ထင်မထားဘူး. .  wan yibo . မင်းကအလုပ်မှာသာတော်တာ. . တခြားနေရာတွေကျ တော်တော်တုံးတာပဲ. . . "

" . . . . .  "

သူနှိမ်ပြီးပြောလာတော့ တစ်ဖက်က ဘာမှပြန်မပြောပဲနှုတ်ဆိတ်နေခဲ့သည်။

Soulmate (Completed Story)Where stories live. Discover now