Part - 49

6.7K 752 12
                                    

[Unicode]"မကြာခင် နာရေးကူညီမှုအသင်းရောက်လာပါလိမ့်မယ် . . . သဂြိုလ်ဖို့အမြန်ဆုံးပြင်ဆင်ထားလိုက်ပါ "

နှစ်သစ်ကူးနေ့မှာ သေခဲ့တာမို့ ရက်ကြာမထားရပဲ ချက်ချင်းသဂြိုလ်ရမည်ဖြစ်သည်။

Yiboမှာ သူ့အဖေအလောင်းကို ကြည့်ရင်း ထောက်တစ်ယောက်ကိုဆက်သွယ်ပြီးသဂြိုလ်ဖို့လုပ်ရသည်။
ထိုစဉ် -

"Yibo ! "

တုန်ရီနေတဲ့အသံလေးနဲ့သူ့ကိုလှမ်းခေါ်လိုက်တဲ့လူတစ်ယောက်ကြောင့် သူ့အရှေ့တည့်တည့်ကိုလှမ်းကြည့်လိုက်မိသည်။ သူ့အဖေသွေးတွေပေကျံနေတဲ့အဝတ်အစားတွေနဲ့ သူ့ရှေ့ကိုရောက်လာသူ ရှောင်ကျန့်။ သူ့မှာအပြစ်ရှိသလို ခံစားနေရပြီး မျက်နှာမှာလည်း ငိုထားလွန်း၍ ဖောယောင်နေပါသည်။

Yiboလည်း မနက်ကတစ်ချိန်လုံး သူနဲ့အတူ ရယ်မောပြီးရှိနေခဲ့တဲ့ သူ့အဖေက အခုကျ အသက်မဲ့တဲ့ဘဝတစ်ခုကို ရောက်သွားရ၍ အနည်းငယ်စိတ်ဆက်နေတဲ့ပုံပါ။ အဲ့ဒီအချိန်မှာ ရှောင်ကျန့်က ရှေ့တည့်တည့်ကို ရောက်လာတော့ ဘာမှပြန်မပြောပဲ ထိုလက်ထောက်နဲ့အတူ ‌ရှောင်ကျန့်ကို ဥ‌ပေက္ခာပြုပြီး လှည့်ထွက်သွား၏။

"Yibo Yibo ! "

ရှောင်ကျန့်မှာ Yiboရဲ့ဥပေက္ခာပြုတဲ့လုပ်ရက်ကြောင့် အရမ်းစိတ်မကောင်းဖြစ်ရပြီး သူ့နောက်ကို တကောက်ကောက်လိုက်သွားမိသည်။ သူ့ခြေထောက်က ဒဏ်ရာကြောင့် သူလမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ဖြစ်နေရှာသည်။

သို့သော် သူမမြင်နိုင်ပဲ Yiboနောက်ကိုသာ အတင်းလိုက်နေသည်။

"ကားလာရင် ချက်ချင်းအကြောင်းကြားလိုက်ပါ့မယ် ခနခွင့်ပြုပါဦး "

Yiboလည်း သူ့အဖေနာရေးအတွက် ပြင်ဆင်နေရင်း ကားအလာကိုစောင့်နေခဲ့သည်။ နာရေးလက်ထောက်ကလည်း ကားကိုပြန်အကြောင်းကြားဖို့ထွက်သွား၍ Yiboတစ်ယောက်တည်းကျန်ခဲ့သည်။

သူတစ်ယောက်တည်းကျန်ခဲ့တော့မှ ရှောင်ကျန့်တစ်ယောက် သူ့ဘေးနားကို မရဲတရဲနဲ့လျှောက်လာခဲ့သည်။

"Yibo ငါတောင်းပန်ပါတယ် . . .  မင်းအဖေအခုလိုဖြစ်ရတာ ငါ့ကြောင့်ပါ . . . ငါတကယ်စိတ်မကောင်းပါဘူး . . . "

Soulmate (Completed Story)Where stories live. Discover now