Part - 31

9.1K 1.1K 38
                                    

[Unicode]. . . . . . . ဒုန်း. . . . . . ဝုန်း. . . . . အား. . . . . . . . . . .

ညညည့်နက်ချိန်မို့ လူသူတိတ်ဆိတ်ပြီး အိမ်လေးတစ်အိမ်မှာလည်း မီးရောင်မဲ့နေ၍မှောင်မိုက်နေခဲ့သည်။ ထိုအချိန် အိမ်တံခါးဝနားမှာ တစ်ခုခုကိုတိုက်လဲသံ နာကြင်မှုကြောင့် အော်လိုက်သည့်အသံတို့ . . . . . အိပ်ပျော်နေသောချိန်ရန်ရဲ့နားထဲသို့ တသဲ့သဲ့နဲ့ကြားလိုက်ရတော့. . . ဘာများပါလိမ့်ဆိုပြီး သူအိပ်ယာမှထလိုက်မိသည်။

"ဘယ်သူလဲ ?? . .  "

သူပဲနားကြားမှားသလားမသိ၍ အသံပြုလိုက်မိသေးသည်။ သို့သော်တစ်ဖက်မှအကြောင်းပြန်မလာ။ ဒါ့ကြောင့် လုယွင်လုပ်ပေးထားတဲ့အိပ်ယာဘေးက ကြိုးတန်းကို သူစမ်းကိုင်လိုက်သည်။ ထို့နောက် တဖြည်းဖြည်းချင်း အောက်ထပ်သို့ဆင်းလာခဲ့၏။

သူ့ရဲ့ခြေလှမ်းတွေလည်း အောက်ထပ်သို့ရောက်သွားခဲ့သော် သူထပ်ပြီးအသံပြုလိုက်မိသေးသည်။

"ဘယ်သူလဲ . . . တစ်ယောက်ယောက် ရှိလား. .  ?? . . "

သူခုနက ဝုန်းခနဲကြားလိုက်ရတဲ့အသံက အခုတော့လုံးဝမကြားခဲရသလို တိတ်ဆိတ်နေတော့ ချိန်ရန်ဝေခွဲရခက်နေခဲ့သည်။ ထို့နောက် ကြိုးကိုစမ်းကိုင်ရင်း တံခါးဝအနားသို့ သူလျှောက်လာခဲ့စဉ် -

"ဘုရား. . . . ! . . .  "           ". . . အ . . . "

အရာတစ်ခုခုနဲ့ ခြေဂလန့်ထိုးမိမလိုဖြစ်ပြီး လဲမလိုဖြစ်သွားရသည်။
ထိုစဉ် သူ့ဘေးနားက အော်သံတစ်ခုကိုကြားလိုက်ရတဲ့အတွက် သူဘေးကိုမျက်နှာလှည့်ကြည့်လိုက်သည်။ မမြင်ရမှန်းသိလည်း အာရုံစိုက်ကြည့်တာပေါ့။

"လုယွင်လား. . . ?. . . . "

"အင်း "

နဂိုက သူအလောတကြီးအော်ခေါ် အော်မေးတုန်းကတော့ လုံးလုံးမထူးခဲ့ပါပဲ အခုမှ "အင်း" တစ်လုံးထွက်လာတဲ့လုယွင်ကို ချိန်ရန်စိတ်ကသိကအောက်ဖြစ်မိပါသည်။ သူ့ကိုတိုက်ပြီးလဲတော့မလိုဖြစ်သွားတာတောင်မှ မထူးခဲ့တာကိုပေါ့။

"ဘာလို့ ခုနကမထူးတာလဲ. . . ? . , . အကြာကြီးခေါ်မေးနေတာကို. . .  အခုမှ ဘာလို့ပြန်လာတာလဲ . . နောက်ကျလိုက်တာ. ! "

Soulmate (Completed Story)Where stories live. Discover now