Part - 26

8.4K 1K 28
                                    

[Unicode]. . . . . . . . ဒုန်း. . . . . . ဟေ့ မဝင်ရဘူး. . . ဝင်လို့မရဘူး. . . . . . . . .

တဇွတ်ထိုးဝင်လာတဲ့လုယွင်ကြောင့် ပေါရှန်အပေါင်ခံဆိုင်မှ အစောင့်နှစ်ယောက် အတင်းတားခဲ့ကြသည်။ သို့သော်လုယွင်က ပြောမရဆိုမရ အားကောင်းကောင်းနဲ့ သူတို့ကိုတွန်းဖယ်ရင်း အထဲသို့ဝင်လာခဲ့သည်။

"ဖယ်စမ်း. . . ငါ့ကို ! . . "

သူအတင်းအကြပ်ဝင်လာတော့ ရှေ့တည့်တည့်ကဆွတ်ဖာခုံတစ်ခုမှာဆေးလိပ်တဖွာဖွာနဲ့ ဇိမ်ကျကျထိုင်နေသော ခပ်ဝဝလူတစ်ယောက်ကိုတွေ့ရလေသည်။ လက်မှာလည်းရွှေလက်စွပ်တွေဆင်ထားပြီး လည်ပင်းမှာလည်း တော်တော်တုတ်တဲ့ဆွဲကြိုးကြီးကိုဝတ်ထားလေသည်။ ဗိုက်ကရွှဲရွှဲနဲ့ ထိပ်ပြောင်ဂတုံးပုံစံနှင့် -

" ဘယ်သူများပါလိမ့် ?? . . "

တစ်ဖက်လူကိုကြည့်တဲ့အကြည့်ကိုက အထင်သေးတဲ့ပုံနှင့်ကြည့်လာတော့ လုယွင် သူ့ကိုခပ်ဆိုးဆိုးအကြည့်နဲ့မျက်စောင်းပြန်ထိုးပစ်၏။

"ခင်ဗျားက ဘယ်သူလို့ထင်လို့လဲ ?. . ကျုပ်က အကြွေးလာတောင်းတာ. . . "

ဘာမဆိုင်ညာမဆိုင် အပေါင်ခံလောကမှာ လည်ပတ်နေတာနှစ်ပေါင်းကြာလှပြီဖြစ်သောသူ့ကို ခပ်ငယ်ငယ်ကောင်တစ်ယောက်က လာဟောက်နေတော့ သူရယ်ပဲရယ်လိုက်ရတော့မလားဆိုတဲ့အတွေးဝင်ပြီး ဟားတိုက်တော့သည်။

လုယွင်က တိုက်ခိုက်ရေးတွေမှာသွက်လက်မှုကြောင့် အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အတော်အသင့်ရှိသောဗလတို့မှာ အခုသူဝတ်ထားတဲ့အကျီၤနဲ့ဖုံးနေတာမို့ ပိန်ပိန်သွယ်သွယ်ကောင်တစ်ယောက်လို့ပဲ အပြင်ပန်းမှာထင်ပေါ်နေသည်။

"ဟားဟားဟား. . . မင်းလိုပုဇွန်ကွေးကောင်တစ်ကောင်က ငါ့ဆီအကြွေးလာတောင်းတယ်ဟုတ်လား. . . မင်းဟာသတွေလာပြောနေတာလဲ . .  "

" ခင်ဗျားရဲ့ရယ်နေတဲ့စောက်ပါးစပ်ကိုပိတ်. . . Changchunက ထပ်ခိုးအိမ်လေးကို ဘာကိစ္စသိမ်းရတာလဲ ?? . . . "

"သြော်. . . . ရှင်းလောင်စစ်ရဲ့အိမ်ကိုပြောတာလား. . ? . . ဒါကသူငါတို့ဆီအကြွေးတင်နေပြီး ပြန်မဆပ်နိုင်ပဲသေသွားလို့သိမ်းလိုက်တာလေ. . . ဘာဖြစ်လို့လဲ?"

Soulmate (Completed Story)Where stories live. Discover now