Part - 11

10.7K 1.4K 69
                                    

[Unicode]"အခုကစပြီး မင်းရဲ့ဖုန်းကို စစ်ဆေးဖို့ယူသွားရလိမ့်မယ် . .  ကဲ ပြော  နာမည် "              "ရှောင်ကျန့် "

"အသက် "          "မသိဘူး . .  "

"နေရပ် . .  "               "ကြုံရာနေတယ် . .  "

"မိဘ . .  "        "သေပြီ "

"ပညာရေး  "          "ရေးတတ်ဖတ်တတ်ရုံပဲ. . . သေချာတာက ငါ မူလတန်းတောင် မအောင်ခဲ့တာပဲ OK?? . . "

သံသယရှိသူအဖြစ် ခေါ်ဆောင်လာပြီးကတည်းက စစ်ဆေးရေးအခန်းမှာ အမှောင်ချကာ ကျည်သီးမီးတစ်လုံးသာထွန်းထားသောအခန်းမှာ သူတို့နှစ်ယောက်တည်း အကြာကြီးရှိနေခဲ့သည်။ Wan Yiboစစ်ဆေးမေးမြန်းသမျှ ရှောင်ကျန့်က ပေါ့တိပေါ့ဆသာဖြေ၏။

"မင်းက ဆန်ကုန်မြေလေးပဲ . . . "     "အဲ့ဒီလောက်မချီးကျူ းပါနဲ့စုံထောက်ကြီးရယ် . . "

" ဘာလို့ အဲ့ဒီမိန်းကလေးကို သတ်ခဲ့တာလဲ. . . မင်းမဟုတ်တာလုပ်ထားတာပေါ်မှာဆိုးလို့လား. .  "

သူ မသတ်ပါဘူးပြောလည်း Yiboက အတင်း အဲ့ဒီမေးခွန်းပဲမေးနေတော့ ဖြေရတဲ့ရှောင်ကျန့်တစ်ယောက် မျက်စောင်းသာထိုးကြည့်မိသည်။

" ငါမသတ်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ. . .  "

"ထပ်ပြီး ဗြောင်လိမ်ဦးမှာလား ?. . . သူမ မသေခင်နေ့က ဘာလို့မင်းနဲ့အတူကားပေါ်မှာရှိနေတာလဲ . . ငါတို့နဲ့တိုက်ခိုက်ပြီးတော့ မင်းသူ့ကိုဘယ်နေရာခေါ်သွားတာလဲ . .  "

အဲ့ဒီအကြောင်းအရာတွေအထိ သူအမှန်အတိုင်းပြောပြရင် အကုန်လုံးပေါ်ကုန်မှာလည်းကြောက်ရသည်။ အထူးသဖြင့် ခေါင်းဆောင်ရဲ့သားရှုပ်ပွေခဲ့တဲ့အကြောင်းတွေပါ ရိပ်မိသွားမည်စိုး၍  ထပ်ပြီးဘာအကြောင်းအရာမှ ခိုင်ခိုင်မာမာရှင်းမပြပဲ "ဘူး " သာ ခံငြင်းနေသည်။

" ငါ သူ့ကို တကယ်မသတ်ခဲ့ဘူး . .  "

Yiboက စိတ်ရှည်တတ်တဲ့သူ မဟုတ်တာ အသိသာကြီးမို့ သူမေးတိုင်း ဒီစကားပဲထပ်တလဲလဲပြောနေတဲ့ ရှောင်ကျန့်ကို သူဒေါသထွက်လာသည်။

" အဲ့ဒါဆို ဘယ်သူသတ်တာလဲ . . "

"ငါ ဘယ်လိုသိမလဲ ? . . "

Soulmate (Completed Story)Where stories live. Discover now