Part - 36

8.6K 908 25
                                    

[Unicode]"ချိန်ရန်. . . ချိန်ရန်. . . အထဲမှာလား . . အပြင်ထွက်ခဲ့ဦး. .  မြန်မြန်. . .  "

အိမ်အပြင်ဘက်ကတက်ကြွစွာအော်ခေါ်နေတဲ့လုယွင်ရဲ့အသံကြောင့် အခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ချိန်ရန်တစ်ယောက် ကြိုးတန်းလေးကိုကိုင်ပြီး အိမ်အပြင်သို့ထွက်လာခဲ့၏။

"လုယွင် ဘာတွေလောနေတာလဲ. . . အသံကြည့်ရတာလည်းတက်ကြွနေသလိုပဲ. . . ဘာတွေပျော်နေတာလဲဟင်. . . "

တံခါးဝရှေ့မှာ စမ်းတဝါးဝါးနဲ့ရပ်နေတဲ့ချိန်ရန်လက်ကို လုယွင်ဇက်ခနဲဆွဲလိုက်ပြီးသူ့ဘေးနားကိုရပ်စေလိုက်သည်။

"အမယ်လေး. . .  "

တဇွတ်ဇွတ်နဲ့လုပ်တတ်တဲ့လုယွင်အကျင့်ကြောင့် ချိန်ရန်မှာအမြဲရင်တထိတ်ထိတ်ဖြစ်ရသော်လည်း လုယွင်နဲ့အတူရှိနေရတာကိုသူပျော်နေတဲ့ပုံပါပဲ။ လုယွင်ကလည်း သူ့လက်ထဲကစတီးတုတ်တစ်ချောင်းကို ချိန်ရန်လက်ထဲသို့ထည့်ပေးလိုက်သည်။

ထို့နောက် ချိန်ရန်ရဲ့နားအနားသို့ အသာလေးကပ်သွားပြီး စကားတစ်ချို့ကို တိုးတိုးလေး ပြောလာခဲ့၏။

"happy birthday! "

သူ့နားထဲမှာ နှစ်တော်တော်ကြာမကြားဖြစ်ခဲ့တဲ့စကားလေးကို လုယွင်ဆီကကြားလိုက်ရတော့ ချိန်ရန်တော်တော်ပင်အံ့သြသွားရသည်။

"လုယွင်. . . ကျွန်တော့်မွေးနေ့ကိုဘယ်လို ?? . . . "

သူအံ့သြလိမ့်မယ်လို့လည်း လုယွင်ကြိုသိခဲ့၍ အံ့သြတသဖြစ်နေကာမေးနေတဲ့ချိန်ရန်နှုတ်ခမ်းထက်ကို လုယွင်လက်ညှိုးနဲ့ဖိကပ်ပြီးနှုတ်ဆိတ်စေလိုက်သည်။

"ဘာလဲ. . . အံ့သြသွားတာလား. . . "

လုယွင်မေးလိုက်တော့ ချိန်ရန်တစ်ယောက် ခပ်ပြုံးပြုံးလေးနဲ့ခေါင်းငုံ့လိုက်သည်။ သူ့ပုံစံလေးကချစ်စရာကောင်းတော့ လုယွင်လည်းထပ်တူပြုံးမိတာပေါ့။

"ကဲပါ. . . ဒါတွေထားပါတော့. . . မင်းလက်ထဲမှာကိုင်ထားတဲ့အဲ့ဒီတုတ်က ငါမင်းကိုမွေးနေ့အတွက်လက်ဆောင်ပေးတာပဲ. . . တကယ်လို့ငါမရှိတဲ့အချိန်တွေမှာ မင်းအတွက်ထာဝရလမ်းပြအနေနဲ့ပေါ့. . . ဟုတ်ပြီလား. . . "

Soulmate (Completed Story)Where stories live. Discover now