Part-66

6.3K 787 44
                                    

[Unicode]. . . . . . . . . . . . ခေါင်းဆောင် . . . . . . . . . . .

Yiboစိတ်ထွေပြားနေစဉ် ချင်းယီနဲ့စုံထောက်ဖန်တို့ရောက်လာကြသည်။ သူတို့ကိုမြင်တော့ Zeeလည်းလစ်ထွက်တော့၏။ ထိုကောင်မလေးကလည်း Zeeနောက်ကနေအတင်းပြေးလိုက်သွားသည်။

. . . . . . ဟေး မပြေးနဲ့ . . . . . . . . . . . .

သူတို့ပြေးသွားတာမြင်တော့ စုံထောက်ဖန်လည်းအတင်းပြေးလိုက်တော့သည်။ ချင်းယီလည်း Yiboနားအပြေးလိုက်လာရင်း-

"ခေါင်းဆောင် အဆင်ပြေရဲ့လား . . . ကျွန်မတို့အဖွဲ့ကိုဖုန်းဆက်ထားပြီပြီ သူတို့မကြာခင်ရောက်လာတော့မှာ . . . "

"လူသတ်ကွင်း !! . . . အဲ့ဒါဘယ်နားမှာလဲ? . .  "

ချင်းယီပြောနေစဉ် Yiboကတုန်တုန်ယင်ယင်နဲ့မေးလာ၍ သူမ နားမလည်ဖြစ်သွားရသည်။

"ဟင်. . . အရင်ကကလေးအလောင်းပေါ်ခဲ့တဲ့ Yongdingမြစ်ကမ်းနားက . .  !! . အယ် ခေါင်းဆောင်ဘယ်လဲ . . . "

ချင်းယီပြောစကားမဆုံးသေးပဲ Yiboအတင်းလှည့်ပြေးသွား၍ ချင်းယီဘာလုပ်ရမှန်းမသိတော့ပေ။ စုံထောက်ဖန်နောက် လိုက်ရမလို သူ့နောက်လိုက်ရမလိုနဲ့ ဒွိဟဖြစ်နေခဲ့သည်။

"ကဲ မဖြစ်ပါဘူး . . . . ဟဲလို အမှုလိုက်ချင်းယီပါ . . . တည်နေရာကိုမက်ဆေ့ပို့ပြီးပြီမို့ လူအမြန်လွှတ်ပေးပါ . . . ခေါင်းဆောင်တစ်ယောက်တည်း သံသယရှိနေရာကို ထွက်သွားလို့ အမြန်လာပေးပါ . . . "

ချင်းယီလည်း တပ်ကူခေါ်ရင်း Yiboနောက်ကိုအတင်းပြေးလိုက်လေသည်။

. . . . . အယ် . . . ဟေ့လူ. . . . ဘာလုပ်တာလဲ  . . . . . . . . . .

Yibo‌‌ ပြေးလာရင်း လမ်းမကြီးအရောက် ဆိုင်ရှေ့တစ်ခုမှာ သော့တန်းလန်းနဲ့ဆိုင်ကယ်ရပ်ပြီးဈေးဝယ်နေတဲ့လူတစ်ယောက်က်ိုတွေ့လိုက်လေသည်။

ဒါနဲ့ မပြောမဆို ဆိုင်ကယ်ပေါ်တက်ထိုင်ပြီး ခွမောင်းသွားတော့၏။

*မင်းဘာမှမဖြစ်ရဘူး . . . ငါမင်းကိုကယ်မယ် . . . ခနသည်းခံပေးပါ . . . ခနစောင့်ပေးပါ *

Yiboမှာ ခေါင်းတွေပူနေပြီး ပတ်ဝန်းကျင်လည်းမမြင်တော့ပဲ အတင်းမောင်းထွက်သွားတော့သည်။

Soulmate (Completed Story)Where stories live. Discover now