Part - 19

10.5K 1.2K 30
                                    

[Unicode]Yiboတစ်ယောက်မှာ အမှုမှန်ပေါ်ဖို့အရေး သူ့အရေးဖြစ်နေတော့ သူ့အသက်အန္တရာယ်ကိုမမြင် . . . ထောင်ချောက်ကိုခြေထောက်နဲ့သွားစမ်းစမ်းနေသလိုပင်။

ထပ်၍ ရောက်သွားခဲ့ပြန်သည်။ Mr.Basရဲ့ရုံးခန်းဆီ။ Mr.Basလည်း သူသတ်ခိုင်းတဲ့သူက အခုထိမသေသေး၍ အခုလိုပြန်မြင်ရတာ နည်းနည်းစိတ်တိုမိသည်။ Yiboနဲ့သူနဲ့အတူပါလာတဲ့ချင်းယီတို့နှစ်ယောက် ရုံးခန်းကိုဝင်လာပြီဆိုမှတော့ မကျေနပ်လည်း အပြုံးလေးနှင့်ကြိုဆိုလာ၏။

"aww. . အမှုစစ်ကြီးတို့ ကြွလာပြန်ပြီလား. . . ဘာကိစ္စများပါလဲ. . . . . . . ကျုပ်ကိုများ ဖမ်းတော့မလို့လား. . . . . .  "

Yiboကတော့ သူ့ကိုမခံ့လေးစားကြည့်ရင် မချိပြုံးအပြုံးနှင့်ပြုံးပြလာသည်။

"ခင်ဗျားကို ဖမ်းဖို့လာတာမဟုတ်ပါဘူး. . . ခင်ဗျားသားအကြောင်းသိချင်လို့ပါ. .  "

"Omo !  ကျုပ်သားရဲ့ဘယ်အကြောင်းသိချင်တာလဲ. . .  "

"သူ အခုဘယ်မှာလဲ. .  ?? . . . "

Yiboရဲ့တည်ငြိမ်လေးနက်တဲ့မေးခွန်းကို သူဘယ်လိုပြန်ဖြေရမလဲ ဖြတ်ခနဲစဉ်းစားသည်။ ယုတ္တိလည်းရှိရမယ် ညာတာလည်းဖြစ်ရမယ်။

"ကျုပ်သားလေးလား. . .  အခုဆို ဆေးရုံမှာပေါ့ . . . .  "

"သူဘာဖြစ်လို့လဲ ?? . . . . . . . "

"မင်းတို့ ငါ့ရဲ့ဝမ်းနည်းမှုတွေကို လာအစဖော်တာလား. . .  သူကစိတ်ရောဂါဖြစ်နေတယ် စိတ္တဇဆေးရုံမှာ. . . . !  "

ချောင်ယွမ်ဆိုတဲ့တစ်ယောက်က ပြဿ     နာပေါင်းသောင်းခြောက်ထောင် လုပ်လွန်းလို့ အမှုပေါင်းစုံဖြစ်သည်။ ဒါ့ကြောင့် သူ့သားက စိတ္တဇဖြစ်နေတယ်ဆိုပြီး လိမ်ထားတာ Yiboမလာခင် အရှေ့ကတည်းကပင်။ ပြစ်မှုကို သူကျူ းလွန်ခဲ့ရင်တောင် သူဟာစိတ္တဇဝေဒနာရှင်တစ်ယောက်ဆိုပြီး ပြစ်မှုလျှော့ပေါ့ပေးရစမြဲဖြစ်သည်။

အဲ့ဒီအချက်နဲ့ Mr.Basက သူ့အမူတွေကို ကျေအေးအောင်လုပ်ခဲ့စမြဲပင်။ ထို့အပြင် ပြောမရတဲ့တစ်ချို့ရဲတွေကို နှုတ်ပိတ်တာဖြစ်ဖြစ် လာဘ်ထိုးတာဖြစ်ဖြစ် လုပ်၏။

Soulmate (Completed Story)Donde viven las historias. Descúbrelo ahora