Part - 52

7.8K 1K 90
                                    

[Unicode]"ဓါးမှာ လက်ဗွေမတွေ့ဘူး ခေါင်းဆောင် . . . အဲ့ဒီနားမှာလည်း CCTVမတွေ့မိဘူး ဘယ်လိုလုပ်ရမလဲ "

လုံကျစ်အလောင်းကို ရေခဲတိုက်မှာသွင်းထားပြီး တခြားစစ်ဆေးရေးတွေလုပ်ကြရာ သက်သေအတွက်အစအနတစ်ခုမှမတွေ့ရ၍ အဖွဲ့သားတွေ ခေါင်းခြောက်နေ၏။ Yiboတစ်ယောက်လည်း တစ်ခုခုစိတ်ထင့်နေသည့်ပုံနှင့်။

လုံကျစ်ကိုသတ်တဲ့တရားခံကို သူကြိုသိနေသလိုပင်။

*တစ်စက်ကလေးမှကို အစအနမပေါ်တာ . .  ရှောင်ကျန့် မင်းတကယ်သပ်ရပ်လွန်းပါတယ် . . . ဒါပေမယ့် ဒါက တကယ်တရားမဝင်ဘူးလေ ရှောင်ကျန့်ရယ် ငါ့ကိုမတိုင်မပင်နဲ့မင်းဘာတွေလုပ်နေတာလဲ . . . *

အတွေးတွေကိုခေါင်းထဲမှာသိမ်းထားရင်း သက်ပြင်းချလိုက်၏။

"သူ့ကိုယ်ပေါ်မှာ Satanဂိုဏ်းအမှတ်အသားရှိနေတယ် ခေါင်းဆောင် "

အဖွဲ့သားတစ်ယောက်ကလည်း စစ်ဆေးချက်ရလဒ်တွေကို တင်ပြရင်း Satanအဖွဲ့သားဆိုတော့ ချင်းယီတောင်လန့်သွားရသည်။ သူ ဘာမှမသိပဲ အလုပ်ခန့်ခဲ့သည်ကိုး။

"ဟင်"

"အဲ့ဒါကြောင့် ငါအစကတည်းကမသင်္ကာခဲ့တာ . . ချင်းယီ နောက်ဆို ငါ့ကိုမပြောပဲ ဘာမှလျှောက်မလုပ်ပါနဲ့ . . . "

Yiboလည်း ချင်းယီကို နောက်ဆိုဝန်ထမ်းအသစ်တွေမခန့်ဖို့ ပြောခဲ့သည်။ သူမလည်း အခုလိုဖြစ်သွားတော့ အပြစ်ရှိသလိုခံစားရပြီး Yiboပြောစကားကိုခေါင်းငြိမ့်လိုက်သည်။

"အိုက်ယား . . . အဲ့ဒီလိုလူဆိုးတစ်ယောက်ကို သတ်နိုင်ခဲ့တဲ့လူကို တကယ်အံ့ဩချီးကျူးပါတယ် "

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဒီအမှုကနေနှုတ်ထွက်တယ်  . . "

ထိုစဉ် Yiboရဲ့စကားကြောင့် အဖွဲ့သားတွေအကုန်လန့်သွားကြရသည်။ ခေါင်းဆောင်ကနှုတ်ထွက်တော့ လုံကျစ်ကိုသတ်တဲ့တရားခံကိုသူတို့ဘယ်လိုလိုက်ရတော့မလဲပေါ့။

"ခေါင်းဆောင် ဘယ်လို "

"ကျွန်တော့်ကိုမရင့်ကျက်သေးဘူးလို့လည်းပြောနိုင်တယ် . . . သူတို့တွေကြောင့်ကျွန်တော်တို့တစ်ချိန်လုံးခေါင်းစားပြီးဒုက္ခရောက်ခဲ့ရတယ် နောက်ဆုံးကျွန်တော့်အဖေသေတဲ့အထိပေါ့ . . . အဲ့ဒီလိုလူဆိုးတစ်ယောက်အတွက် တရားခံရှာရမယ်ဆိုတော့ မုန်းတီးလွန်းလို့ အဖြေမှန်မပေါ်နိုင်ဘူးထင်တယ် . . ခင်ဗျားတို့လည်းအဆင်မပြေရင် တခြားအဖွဲ့ကိုအမှုလွှဲလို့ရတယ် . . . "

Soulmate (Completed Story)Where stories live. Discover now