Part- 56

7K 823 31
                                    

[Unicode]. . . . . .အမယ်လေး  . . သားရယ် . . . .ပြေးသွားတာတန်းနေတာပဲ   . . .  . . . . . . . . .

ထိုစဉ် ကလေးရဲ့အမေက အတင်းပြေးလာပြီးသူ့သားကို လက်ဆွဲလိုက်လေ၏။

"နောက် မေမေ့လက်ကိုမလွှတ်နဲ့ "

"ဟုတ်ကဲ့ပါမေမေရဲ့ "

သူ့အမေကလည်း အဝေးကနေ သူ့သားက ချိန်ရန်ကိုတိုက်မိသွားခဲ့တယ်ဆိုတာလည်းမြင်ခဲ့တာမို့ တောင်းပန်စကားပြောလာခဲ့၏။

"အားနာလိုက်တာ ကလေးက အဆော့လွန်ပြီးတိုက်မိသွားတာပါ . . . ဘာတွေများကျသွားသေးလဲမသိဘူး "

မိန်းမကြီးကမြင်ကတည်းက ချိန်ရန်မျက်စိမမြင်ဘူးဆိုတာ တန်းရိပ်မိ၍ပိုပြီးအားနာနေ‌ပါသည်။

"ရပါတယ် ကျွန်တော်ဘာမဖြစ်ပါဘူး . . . "

"ဒီကလေးက တအားကိုဆော့တယ် လာ . . . "

"မေမေ မေမေ ခုနက မေမေ့လက်ထဲကစာရွက်ကလူလေ ဒီကိုကိုနဲ့မတူဘူးလားဟင် . . .  "

သူ့အမေကသူ့ကိုအတင်းဆွဲခေါ်သွားပေမယ့် ကလေးက စာရွက်အကြောင်းပဲအတင်းပြောနေတော့ ချိန်ရန်လည်းသိချင်စိတ်ဖြစ်မိသွားသည်။

"ဘာစာရွက်လဲ မေမေ့ဆီမှာမရှိတော့ဘူး လွင့်ပစ်လိုက်ပြီ . . . လာ မြန်မြန်ပြန်မယ် . . . "

သို့သော် ကလေးအမေက ကလေးကိုအတင်းဆွဲခေါ်ပြီး ထွက်သွားလေတော့ ချိန်ရန်မှာ မေးဖို့အခွင့်အရေးမရခဲ့ပေ။ ကလေးစကားကမှန်မမှန်မသိသော်လည်း မမြင်ရတဲ့သူ့ထက်စာရင်တော့ ပိုသိတာမို့ အဲ့ဒီစာရွက်ကို ချိန်ရန်သိချင်မိသည်။

*ရဲတွေက ဘာလို့ငါ့ကိုရှာရမှာလဲ ??. . . ငါ Beijingကိုမပြန်ဖြစ်တာလည်း အတော်ကြာနေပြီဆိုတော့ မမချင်းယီတို့က စိတ်ပူလို့များလား . . . ငါအဆင်ပြေနေတယ်ဆိုတာ သူတို့မသိသေးလို့ဖြစ်မယ် . အင်းလေ . . . မတွေ့ရတာအတော်ကြာနေပြီကို. .  ဆက်သွယ်ဖို့ ဟုတ်သားပဲ ဆက်သွယ်ဖို့လုပ်ရမယ် . . . . . *

မမြင်ရရှာသော်လည်း သူ့အတွေး သူ့အမြင်နဲ့အတူ စုံထောက်ဖန်နဲ့ချင်းယီကို သူအဆင်ပြေကြောင်းပြောဖို့ဆိုပြီး ဖုန်းဆက်ဖို့ ကြံနေတော့၏။

Soulmate (Completed Story)Where stories live. Discover now