Part - 13

10.6K 1.3K 25
                                    

[Unicode]ဆုံးဖြတ်ချက်သာ ချလိုက်ပေမယ့် သူ့စိတ်ထဲမှာ မတင်မကျဖြစ်နေခဲ့ပြီး တစ်ခုခုထပ်ပြီးသေချာအောင်လုပ်ရမယ်လို့ Yiboတွေးမိလေသည်။
ဒါ့ကြောင့် သူ့အဖွဲ့သားတွေကို နဂိုကတည်းက စစ်ဆေးခိုင်းထားတဲ့ ရင်ခွဲရုံကပြန်တမ်းချက်ကို ရယူစေခဲ့သည်။

"စရောက်တဲ့နေ့ကတည်းက . . . သူ့မိသားစုက မျက်နှာမပြရဲလို့ ချက်ချင်းသယ်ယူပြီး မီးသဂြိုလ်လိုက်ကြတယ်တဲ့ . . တရားခံကို ကြိုက်သလိုဖြေရှင်းကြပါလို့ပြောလာတယ် . . . သေဆုံးသူရဲ့မိဘတွေမျက်နှာတောင် သေချာမမြင်ခဲ့ရဘူး. . .  ဒီလိုကြီးဖြစ်လာတော့ သူတို့လည်းအရှက်ရကြတာနေမယ်. . . "

ထပ်ပြီးသက်သေမရခဲ့ရင်လည်း ဒီသက်သေတွေနဲ့ သူမြင်တွေ့ခဲ့ရတဲ့ကားပေါ်ကမြင်ကွင်းနဲ့ပေါင်းပြီး ရှောင်ကျန့်ကို တရားခံအစစ်လို့သတ်မှတ်လိုက်ကြသည်။

"ငါမဟုတ်ပါဘူးဆိုနေမှပဲ . . .  ! . . .  အယ် .  Wan Yibo အပြစ်မရှိတဲ့သူကို ထောင်ထဲဆွဲထည့်တယ်ဆိုပြီး ပြန်တိုင်လိုက်မှာနော် . , ! "

တရားခံက သူလို့သတ်မှတ်လိုက်ကြပြီဖြစ်၍ နောက်ဆုံးအကြိမ် သူ့ကိုဝန်ခံအောင် စစ်မေးကြတော့သည်။

" ငါနဲ့ဆုံခဲ့တဲ့အချိန်တုန်းက မင်း ဟန်နာကို တစ်နေရာရာမှာရောင်းစားမလို့မလား . .  ငါနဲ့မိသွားတော့ မင်းတို့ထွက်ပြေးကြပြီး တစ်နေရာရာမှာ ဟန်နာက သူလွတ်ရာလွတ်ကြောင်းရှာလိမ့်မယ် . .  အဲ့ဒီမှာ မင်းသူ့ကိုသတ်ခဲ့တာ . . . အဲ့ဒီလိုမလား . . .   "

ယုတ္တိရှိရှိတွေးတတ်လှလွန်းတဲ့Yiboကြောင့် ရှောင်ကျန့်တကယ် ဘယ်လိုကန့်လန့်ခံရတော့မယ်မသိပေ။

" ငါမဟုတ်ပါဘူးဆိုနေ  . . . မသိဘူး . . မင်းတို့ရဲတွေသေချာအလုပ်မလုပ်ကြတာပဲ.  "

"မင်း အဲ့ဒီလိုငြင်းနေတာနဲ့ ပြီးသွားမှာလား .  လူယုတ်မာကောင်ရ . .  မင်းဆိုတဲ့သက်သေလည်းထွက်ပြီ ရုမိန်လောင်အမှု. ဟန်နာအမှု လူသတ်မှုကို နှစ်ခုတောင်ကျူ းလွန်ခဲ့တဲ့ဟာ . . . မင်းကိုဘယ်လိုအပြစ်မျိုးချရင် ထိုက်တန်မလဲ . . .  ဒါနောက်ဆုံးအကြိမ်ပဲ . .  မင်း ဟုတ်တယ်မလား . .  "

Soulmate (Completed Story)Where stories live. Discover now