Part-59

6.4K 732 9
                                    

[Unicode]ကြောက်မက်ဖွယ်ကောင်းသောအိပ်မက်တစ်ခုကြောင့် ရှောင်ကျန့်တစ်ယောက် အိပ်ယာကနေ ဝုန်းခနဲထထိုင်လိုက်မိ၏။ သူ့အော်သံကြောင့် သူ့ဘေးမှာအိပ်နေတဲ့Yiboလည်း လန့်နိုးသွားရသည်။

သူနိုးလာတော့ ရှောင်ကျန့်က ထိုင်လျှက်လေးတစ်ခုခုကိုတုန်လှုပ်နေသလိုဖြစ်နေတာမို့ ချက်ချင်းထပြီးမေးလိုက်မိသည်။

"ရှောင်ကျန့် ဘာဖြစ်လို့လဲ . . . "

အိပ်မက်ဆိုးက အပြင်မှာဖြစ်ပျက်နေတဲ့အလားကြောက်မက်ဖွယ်ကောင်း၍ ရှောင်ကျန့် အသိပြန်ဝင်အောင်ကြိုးစားပြီး Yiboကိုလှည့်ကြည့်လိုက်မိသည်။ တကယ်သူ့ကိုစိတ်ပူနေတဲ့အကြည့်နဲ့ကြည့်နေတဲ့Yiboပါ။

"ဘာမဖြစ်ဘူး ငါအိပ်မက်ဆိုးမက်နေတာပါ . . . "

*ငါ့ကို တစ်ခုခုပြောချင်နေတဲ့ပုံနဲ့ ရှေ့တည့်တည့်ကို လုယွင်ရောက်လာတယ်လို့မက်နေတာ သူ့ပုံစံကအရမ်းကိုကြောက်စရာကောင်းတယ် တကိုယ်လုံးသွေးတွေနဲ့ သေနတ်သံတွေလည်းကြားနေခဲ့ရတာ . . . သူဘာဖြစ်နေလဲမသိဘူး . . *

‌ရင်ဖွင့်ချင်တာတွေကတော့များပေမယ့် ပြောလိုက်တာကတော့ နည်းနည်းရယ်ပါ။ ရှောင်ကျန့်အိပ်မက်ဆိုးမက်တယ်ဆိုတော့ Yiboလည်း သူ့ကျောပြင်ကိုအသာပုတ်ပေးမိ၏။

"ဒါကအိပ်မက်သပ်သပ်ပါ . . .  ရေသောက်မလား ငါယူလာ‌ပေးမယ် "

ရှောင်ကျန့်အဖြေကိုမစောင့်တော့ပဲ Yiboရေသွားယူပေးလာ၏။

"ရော့ သောက်လိုက် . .. "

ထို့နောက် သူ့လက်ထဲကိုရေထည့်ပေးရင်း ပြတင်းပေါက်ကခန်းစည်းလိုက်ကာကို ဆွဲဖွင့်လိုက်လေ၏။ ခန်းစည်းလွတ်သွားတော့ မနက်နေရောင်ခြည်က ပြတင်းပေါက်ကနေတစ်ဆင့် သူတို့အခန်းထဲကိုဖြာထွက်လာခဲ့သည်။

ရှောင်ကျန့်လည်း ရေသောက်ပြီး နေထိုးကျလာတဲ့အဲ့ဒီပြတင်းပေါက်ကိုလှည့်ကြည့်မိသည်။

*မှတ်မိသေးတယ် ငါတို့အတူ အဲ့ဒီမှာဆေးလိပ်သောက်ခဲ့ကြတာ . . . *

သူ့အတွေးနဲ့သူ တစ်ခုခုကိုစိုးထိတ်နေရင်း ပြတင်းပေါက်နားကိုလျှောက်လာခဲ့သည်။ ထို့နောက်အဲ့ဒီနားမှာရပ်နေတဲ့Yiboရဲ့ခါးကိုအနောက်ကနေသိုင်းဖက်လိုက်၏။ သူ့နဖူးနဲ့ Yiboနောက်ကျောကိုပွတ်သပ်ပြီး မှီခိုနေခဲ့သည်။ Yiboလည်း သူ့ခါးထက်ကရှောင်ကျန့်လက်တို့ကို သူ့လက်နဲ့အုပ်မိုးဆုပ်ကိုင်ခဲ့သည်။

Soulmate (Completed Story)Where stories live. Discover now