Part - 21

10.1K 1.2K 30
                                    

[Unicode]လုယွင်တစ်ယောက်မှာ missionမအောင်မြင်တဲ့အတွက် ထပ်ပြီးကြံစည်ပြီးစဉ်းစားရင်း အခန်းသို့ပြန်လာခဲ့သည်။

*အသံကလည်း ရှောင်ကျန့်နဲ့ခပ်ဆင်ဆင်ပဲ. . . သူများဖြစ်နေမလား. . . ဟာ. . . သူကဘာလ်ု့ိအဲ့ဒီမှာရှိနေမှာလဲ မဖြစ်နိုင်တာ. . . *

လုယွင်ခမျာ သူ့ကိုယှဉ်ပြိုင်လာတဲ့ တစ်ယောက်ကို မသင်္ကာနိုင်စွာ တွေးတောနေရင်း - အခန်းသို့ပြန်ရောက်လာခဲ့သည်။
သို့သော် အခန်းထဲမှာ ရှောင်ကျန့်ရှိမနေ -

"ရှောင်ကျန့် ! . . . . "

အခန်းတစ်ခုလုံး ရှောင်ကျန့်ရဲ့အရိပ်အယောင်မရှိရ၍ လုယွင်သံသယဖြစ်လာမိသည်။

*ရှောင်ကျန့်က ဘာလို့အဲ့ဒီရဲကို ကာကွယ်ရမှာလဲ. . . တကယ်ပဲသူလား. . . *

ရုတ်တရက်ကြီးစဉ်းစားမိလာတဲ့အတွေးတို့ကြောင့် လုယွင်သူ့ရဲ့လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။

. . . . . . . . . Ti . . .Ti . . . .. . . ဂျောက်. . . . . . . .

ထိုစဉ် အခန်းပက်ဝက်ရိုက်ထည့်သံနှင့် အထဲဝင်လာသောခြေသံတို့။ လုယွင်တစ်ဖက်ကိုလှည့်ကြည့်တော့ အခန်းထဲဝင်လာသူက ရှောင်ကျန့်ပင်။ အခန်းထဲမှာရှိနေတဲ့သူက သူထွက်ပြီးမှ အပြင်လိုက်ထွက်ပြီး ခုပြန်ဝင်လာတာဆိုတော့ လုယွင်လည်းသံသယဖြစ်စွာ ရှောင်ကျန့်ကိုစိုက်ကြည့်သည်။

"မင်း ဒီချိန်ကြီး ဘယ်ကပြန်လာတာလဲ. . ?? . . "

ရှောင်ကျန့်ကလည်း သူ့ကိုသံသယအကြည့်နဲ့ကြည့်နေမှန်း ရိပ်မိသည်။ ထို့နောက် သူ့လက်ထဲမှာပါလာသောအထုပ်တစ်ခုကို လုယွင်ရှေ့သို့လက်လှမ်းကမ်းပြလိုက်သည်။

"ဒီမယ်လေ. . ကြက်ကြော်နဲ့ဘီယာ. ! . . မသောက်ရတာကြာပြီမို့ သွားဝယ်လာတာ. . . မင်းရော ?? . . "

သို့သော် ရှောင်ကျန့်က ဘာမှမသိတဲ့ပုံလေးနဲ့ သူ့ရှေ့ကိုကြက်ကြော်နဲ့ဘီယာကမ်းလာတော့ လုယွင်လည်းတော်တော်အတွေးခေါင်သွားရသည်။ သူ့ကိုတိုက်ခဲ့တဲ့သူကဘယ်သူလဲဆိုတာကိုပေါ့ . -

*ရှောင်ကျန့် မဟုတ်လောက်ဘူးလား. . . အဲ့ဒါဆို ခုနကလူကဘယ်သူလဲ. . ?? . . *

Soulmate (Completed Story)Where stories live. Discover now