Part - 14

10.6K 1.4K 59
                                    

[Unicode]ဌါနကြီးကိုသွားနေတဲ့ကားလေးရဲ့ ရှေ့ခေါင်းမှာ စုံထောက်ဖန်နဲ့ဒရိုင်ဘာကြီးရှိနေပြီး အနောက်ခန်းကတော့ Yiboနဲ့ရှောင်ကျန့်အတူရှိနေခဲ့သည်။

ကားရှေ့ခေါင်းက နှစ်ယောက်စာရှိပြီး အနောက်တွဲကတော့ လူငါးယောက် ခြောက်ယောက်လောက်ထိုင်ရသောအကျယ်အဝန်းရှိသည့် ရဲတံဆိပ်မိုးကာသားနဲ့ပိတ်ကပ်ထားတဲ့ကားနောက်ခန်းလေးပါ။

. . . . . . . . . . ချက် . . . . . . . အယ် . . wan yibo ဒါဘာလုပ်တာလဲ . . . . . . . .

ကားပေါ်လည်းအတူလိုက်ပါနေခဲ့ပြီဖြစ်သော်လည်း Yiboတစ်ယောက် ရှောင်ကျန့်ကို မလုံမလဲ စိတ်မချဖြစ်လို့နေသည်မို့ သူ့ရဲ့ညာဘက်လက်ကိုလက်ထိပ်တစ်ဖက်ခတ်လိုက်ပြီး ရှောင်ကျန့်ရဲ့ဘယ်ဘက်လက်ကို ကျန်တစ်ဖက်နဲ့ခတ်လိုက်လေ၏။
သူ့လုပ်ရက်ကြောင့်ပင် ရှောင်ကျန့် နားမလည်နိုင်ဖြစ်ကာ လက်ကိုဆွဲရမ်းမိလေသည်။

"မလှုပ်နဲ့ . "

"စုံထောက်ကြီး Wan Yibo . . . အဲ့ဒီလောက်ထိလုပ်ဖို့လိုလို့လား . . ငါ့ကိုအဲ့ဒီလောက်တောင်မယုံတာလား . . . "

" မင်းကိုဘယ်တုန်းကမှမယုံတဲ့အပြင် သံသယတွေပိုဝင်လာတာပဲရှိတယ် . . ပြောရမလား ကားနားတဲ့အခါကျရင် မင်းထွက်မပြေးနိုင်ဘူးလို့ . . . . ဒီဟာကိုဖြုတ်ချင်ရင်တော့ ဟိုရောက်မှပဲရမယ် . . "

သံသယတွေနဲ့ပြောလာပြီး လက်ထိပ်ရဲ့သော့ကို သူ့အကျီၤအိတ်ထောင်ထဲသို့ ထည့်လိုက်လေသည်။ Yiboရဲ့ဘေးမှာတော့ သက်သေမှတ်တမ်းဖိုင်တစ်ချို့နဲ့ ရှောင်ကျန့်ရဲ့ဖုန်းလေး ရှိနေခဲ့သည်။ အကုန်လုံးဌါနကိုအပ်ရမှာမို့ တစ်ပါတည်းယူလာခဲ့ခြင်းဖြစ်သည်။

ကားမှာ တရွေ့ရွေ့နဲ့သွားနေရာ Longfangတံတားကိုရောက်လုနီးနီးဖြစ်လာသည်။ အဲ့ဒီတံတားကိုကျော်ရင်မြို့ကြီးထဲရောက်ပြီဖြစ်သည်။

ရှောင်ကျန့်ကလည်း သူ့ကိုအတူတူလက်ထိပ်ခတ်ထားရမလားဆိုပြီး ကလိမ်ဉာဏ်ဆင်ကာ Yiboအိတ်ထဲက သော့ကိုလျစ်ခနဲဆွဲယူလိုက်သည်။

"ဟေ့ကောင် . . မင်း ဘာလုပ်တာလဲ . . ပြန်ပေး . . "

Yibo သော့ကိုဆွဲလုတော့ ရှောင်ကျန့်က တစ်ဖက်ကကားခုံရဲ့အောက်သို့ လွှင့်ပစ်လိုက်လေသည်မို့ Yiboတော်တော်စိတ်တိုသွားရသည်။

Soulmate (Completed Story)Where stories live. Discover now