Part 5

12.3K 1.3K 10
                                    

[Unicode]*ဒီလူ ဘာပါလိမ့်. . . . .  *

Yiboလည်း သူ့ဘေးက ထိုလူ့ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။
သူနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ အဲ့ဒီတစ်ယောက်ကလည်း သူ့ကိုပြန်ကြည့်လာ၏။

အကြည့်ချင်းဆုံသွားမိတဲ့သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် သံသယအကြည့်နှင့်ကြည့်မိကြသည်။ ရင်ထဲမှာတော့ ရင်းရင်းနှီနှီးဖြစ်နေသလိုပင်။
အဲ့ဒီခံစားချက်ကြီးက နှစ်ယောက်စလုံးရဲ့အသိစိတ်ထဲကိုဝင်ရောက်သွားပေမယ့် ဘာဖြစ်သွားမှန်း သူတို့ကိုယ်သူတို့မသိလိုက်ပေ။

*ငါ့ကိုကူကောက်ပေးတာလား. . . ဒါမှမဟုတ် သူ့ဟာလို့ထင်လို့လား. . .  မသင်္ကာစရာလူပဲ. .  ဂနာမငြိမ်တဲ့မျက်ဝန်းတွေကို တွေ့နေရတယ်. . .  *

*ကြည့်ရတာ ရဲ ဒါမှမဟုတ် စုံထောက်ဖြစ်မယ်. . . .  ဒီအပြားက ငါ့ဆီကကျသွားတာလား. . .  သူ့ဆီကလား. . .  ငါ့ကိုသံသယအကြည့်နဲ့ကြည့်နေတာပဲ. . . .  တော်တော်တည်ငြိမ်လွန်းတဲ့အကြည့်. . . ! *

Satanဂိုဏ်းကလူတွေက သူတို့ရဲ့အမှတ်တံဆိပ်ပြားကို သွားလေရာ ယူဆောင်သွားတတ်ကြသည်။ ယခုပြုတ်ကျတဲ့အပြားလေးက သူ့ဟာလား အဲ့ဒီရဲဟာလား ရှောင်ကျန့် တကယ်မသည်းကွဲတော့ပေ။ လက်တစ်ဖက်ကနေပြီး သူ့ဘောင်းဘီအိတ်ကပ်ကို စမ်းကြည့်၏။

*ဒီကောင် ဘာကောင်လဲ ??. .  ဂိုဏ်းထဲကများလား. . . . *

ရှောင်ကျန့်ရဲ့လက်တစ်ဖက်ကို Yibo မသင်္ကာစွာစိုက်ကြည့်နေမိသည်။ ရှောင်ကျန့်မှာ သူ့ဘောင်းဘီအိတ်ထဲ၌ သူ့တံဆိပ်ပြားရှိနေတာကိုသိလိုက်ရတော့ မြေပြင်ပေါ်ကျနေတဲ့ အပြားဟာ အဲ့ဒီရဲစုံထောက်ဆီကပဲဆိုတာ တန်းသိလေတော့သည်။

*ရှိနေတာပဲ. . .  ဒါဆို ဒီလူက ရဲဖြစ်တာကျိန်းသေတယ်. .သူ့အကျီၤတံဆိပ်မှာ ရဲရာထူးတံဆိပ်ပဲ. . . . မိန်ရုလောင်ရဲ့အမှုကိုလိုက်နေတဲ့သူပဲဖြစ်မယ်. . . ငါထားခဲ့တဲ့ စားပွဲပေါ်က တံဆိပ်ပြားကို သံသယနဲ့ သူယူလာတာပဲဖြစ်မယ်. .  *

နှစ်ယောက်စလုံးက ဂျလည်တွေချည်းပဲမို့ တစ်ယောက်ကိုတစ်ယောက် အကဲဖြတ်နေသည်က ကြောက်စရာကောင်းလှပေသည်။ ဦးစွာ တံဆိပ်ပြားကို ရှောင်ကျန့်ကောက်ယူလိုက်ပြီး မတ်တတ်ထရပ်လိုက်၏။

Soulmate (Completed Story)Where stories live. Discover now