Part-7

11.2K 1.6K 69
                                    

[Unicode]ရှောင်ကျန့်ကတော့ မျက်နှာမပျက်ဆက်လိုက်သွားရင်း. . .
. . . . . Changqingကို ရောက်ပါတော့မယ်. . . . .

ကားသမားရဲ့သတိပေးချက်မှာ လေးယောက်သား ရင်ခုန်နေလျက်ရှိသည်။ Yiboမှာ ကားရပ်တာနဲ့ ထိုမိန်းကလေးရဲ့ဦးထုပ်ကိုဆွဲချွတ်ဖို့ ဆုံးဖြတ်သည်။ ရှောင်ကျန့်မှာ ရပ်တာနဲ့ မိန်းကလေးကိုဆွဲပြီးထွက်ပြေးဖို့ကြံသည်။

အတွေးကိုယ်စီနဲ့ ကားကြီးမှာ တဖြည်းဖြည်းအရှိန်နှေးကာ ရပ်ဆိုင်းသွားတော့သည်။

"changqingရောက်ပါပြီ. . . "

ကားသမားရဲ့စကားအဆုံးမှာ ဟန်နာနဲ့ရှောင်ကျန့်တန်းထလိုက်သည်။ ထိုစဉ်မှာပဲ Yiboက ရှောင်ကျန့်လက်ကိုဆွဲလိုက်ပြီး တစ်ဖက်ကမိန်းကလေးကို အတင်းဆွဲလုလိုက်သည်။ အရှိန်ကြောင့် မိန်းကလေးရဲ့ဦးထုပ်မှာ ကျွတ်ကျသွားပြီး ဟန်နာမှန်း သိသွားရသည်။

. . . . . . . အား. . . . ရှင်ဘာလုပ်တာလဲ ??. . . . .

"ခေါင်းဆောင် သူမက ပျောက်နေတဲ့ဟန်နာမလား. . . . "

"မင်းဘယ်သူလဲ . . . ဘာလို့ သူ့ကိုဖမ်းထားရတာလဲ. . . . "

ရှောင်ကျန့်မှာ သူ့အစီစဉ်ကိုလာဖျက်တဲ့ Yiboကိုစိတ်မရှည်စွာစိုက်ကြည့်လာတော့သည်။ Yiboကလည်း သူ့ကိုသံသယဝင်လာပြီး နှစ်ယောက်သား အဲ့ဒီမှာ စတိုက်ကြတော့သည်။

ကောင်မလေးမှာ ခလယ်ကနေ အပြင်ထွက်မရဖြစ်နေပြီး တိုက်ခိုက်တဲ့ကြားကနေ ရှောင်ကျန့်ဘက်ရောက်လိုက် Yiboဘက်ရောက်လိုက်န့ဲ ဝဲလည်နေခဲ့သည်။

. . . . . . . . . ခွပ် . . . . . . . . . . . . . . . . .

ကောင်မလေးကိုလှမ်းဆွဲရာကနေ Yiboလက်သီးဒဏ်ကိုမိသွားကာ ရှောင်ကျန့်ရဲ့mask ကျွတ်ကျသွားခဲ့သည်။ ထိုအခါမှ သူနဲ့ဝင်တိုက်ခဲ့မိတဲ့ကောင်မှန်း Yiboသိတော့သည်။

"aww. . . . မင်းကိုး. . . "

သူ့မျက်နှာကို Yiboသိသွား၍ ရှောင်ကျန့်စိတ်တိုပြီး ကောင်မလေးလက်ဆွဲကာ ကားအနောက်တံခါးကနေ ထွက်ပြေးဖို့ကြံ၏။

. . . . . Yar. . . . မပြေး. . . . . . ဗြိ. . . . ဗြိ. . . . . . . . . . .

ကောင်မလေးကို ရှေ့ကနေပြေးခိုင်းကာ သူကအနောက်ကနေ ကာလိုက်ရာ Yiboမှာလည်း လွတ်သွားမည်ဆိုး၍ ဆွဲမိဆွဲရာဆွဲလိုက်ရာ ရှောင်ကျန့်ရဲ့အကျီၤစကို ဆုပ်ကိုင်လိုက်မိသည်။

Soulmate (Completed Story)Where stories live. Discover now