Part - 40

7.9K 952 44
                                    

[Unicode]သေနတ်မောင်းတင်သံကြားကြားချင်း အနောက်လှည့်ကြည့်ရာ သေနတ်တစ်လက်နဲ့ချောင်ယွမ်ကိုမြင်ရတော့ Yiboချက်ချင်းပဲ တိမ်းရှောင်ပြီး တစ်ပတ်လှည့်လိုက်သည်။

. . . . . . . . . . . . . . . . . ဒိုင်း. . . . . .  . . . . . . . . .

အရှောင်ကောင်း၍ ချောင်ယွမ်ရဲ့ကျည်ဆံကနေ လွတ်မြောက်သွားသည်။ သူကလည်း ထပ်ပြီး ချောင်ယွမ်ကို ပြန်ပစ်သည်။ ချောင်ယွမ်က စည်ပိုင်းနောက်ကိုကာလိုက်ပြီး သူ့ကိုသေနတ်နဲ့ပြန်ပစ်၏။

. . . . . . . . . . . . . . ဒိုင်း. . . . . . . . ဒုန်း. . . . . . . . . . . .

Yiboကအကာမရှိတော့ ချောင်ယွမ်ရဲ့ ကျည်ဆံတွေကိုရှောင်ဖယ်ရင်း စည်ပိုင်းတွေအနားကိုချဉ်းကပ်၏။ ချောင်ယွမ်ကလည်း မနားတမ်းသေနတ်နဲ့ပစ်ခတ်လေသည်။

. . . . . . . . . . . . . . . ဒုန်း. . . . . .  ဝုန်း . . . . . . . . . . . . 

Yiboလည်း စည်ပိုင်းတွေနားရောက်တော့  ‌ခြေနဲ့ဆောင့်ကန်လိုက်ရာ စည်ပိုင်းတွေပြိုလဲကျသွားပြီး ချောင်ယွမ်အကာကွယ်မဲ့သွားရသည်။

စည်ပိုင်းတွေကတလိမ့်ချင်းကျသွားတော့ အထဲကရေနံမည်းတွေ မြေပြင်မှာ ဗွက်ချပေါက်သွားရသည်။

စည်ပိုင်းတွေမရှိတော့ ထပ်ပြီးအကာကွယ်ယူဖို့ ထွက်ပြေးတဲ့ ချောင်ယွမ်ကို Yiboကလည်း အလွတ်မပေးပဲ ဝင်လုံးတော့၏။

. . . . . . . . . . . . . .  ဝုန်း ဘုန်း. . . . အား. . .  လွှတ်စမ်း. . . . 

Yiboတစ်ယောက် ချောင်ယွမ်ကိုခုန်အုပ်ပြီး အနောက်ကနေ လည်ပင်းကိုသိုင်းဖက်ထားရာ ချောင်ယွမ်ရုန်းကန်လို့မရ ဖြစ်နေ၏။ ထိုစဉ် Yiboက ချောင်ယွမ်ခြေထောက်တစ်ဖက်ကို ဆောင့်ကန်လိုက်ရာ ချောင်ယွမ်ဒူးထောက်လျှက်ဖြစ်သွားသည်။
ချက်ချင်းပဲ Yiboလည်း သူ့ခါးကြားမှာ ညှပ်ထားတဲ့ လက်ထိပ်ကို ဆွဲယူလိုက်၏။

လက်ထိပ်ထုတ်လိုက်တဲ့အသံကြားတော့ ချောင်ယွမ်အတင်းရုန်းတော့၏။

"ငါ့ကို ဖမ်းချင်တာလား . . . မင်းသေရင်တောင်မဖမ်းနိုင်ဘူး. . .  "

"ပါးစပ်ပိတ် မင်းကိုကြံရာပါတစ်ယောက်အနေနဲ့ ဖမ်းလိုက်ပြီ. . .  "

Soulmate (Completed Story)Where stories live. Discover now