Part - 57

7K 791 32
                                    

[Unicode]#မင်းအဆင်‌ပြေလား ဘယ်မှာနေနေတာလဲ ?? #

လုယွင်ရဲ့သတင်းကိုမသိတဲ့ရှောင်ကျန့်ကတော့ သူ့ကို Laptopကနေ အဆက်အသွယ်ပြုလျှက်ရှိသည်။ သူစာပြန်လာမယ့်အချိန်အထိ ဟိုဟိုဒီုလျှောက်ကြည့်‌နေရင်း -

"ရှောင်ကျန့် ဘာလုပ်နေတာလဲ ? "

လော့မချထားတဲ့ သူ့အခန်းတံခါးကိုဖွင့်ပြီးဆက်ခနဲဝင်လာတဲ့Yiboကြောင့် ရှောင်ကျန့်လန့်ပြီး laptopကိုပိတ်ကာ စားပွဲပေါ်အမြန်တင်လိုက်ရသည်။

"အယ် ဘာမလုပ်ဘူး webtoonဆွဲ ဆွဲမလို့ . . . မင်းဘာလာလုပ်တာလဲ ? "

နဂိုက ကုတင်ပေါ်ကို့ရိုးကားယားနေနေတဲ့ရှောင်ကျန့်လည်း Yiboဝင်လာတော့ ကုတင်ပေါ် မတ်မတ်လေးထိုင်လိုက်ရင်း မေးလာ၏။ သို့သော် Yiboက သူမေးတာကိုမဖြေပဲ သူ့ကုတင်ပေါ်သို့တက်လာခဲ့သည်။

"Yibo ဘာလာလုပ်တာလဲ ငါ့ကုတင်ပေါ် "

မေးတာမဖြေပဲ သူ့ဘေးနားမှာ ပက်လက်လှန်အိမ်လိုက်တော့ ရှောင်ကျန့်လည်းအထူးတဆန်းဖြစ်ပြီး ဆက်မေးမိသည်။ ထိုအခါကျမှ Yiboက သူ့ကိုလှည့်ကြည့်ရင်း လက်စွပ်ဝတ်ထားတဲ့လက်ကိုထောင်ပြလာ၏။

" ဒီလက်စွပ်ဝတ်တယ်ဆိုတာ အတူအိပ်ချင်လို့လေ လာ "

လိုရင်းတိုရှင်းပြောပြီး ဆတ်ခနဲရှောင်ကျန့်ရဲ့လက်ကိုဆွဲလိုက်ကာ သူ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်၏။ အရှိန်နဲ့မို့ ရှောင်ကျန့်လည်း အိပ်ယာပေါ်ဘုတ်ခနဲလဲသွားပြီး Yiboရင်ခွင်ထဲမှာ မျက်နှာအပ်လျှက်ဖြစ်သွားခဲ့သည်။

"ဟာ Yibo. . . ငါမလုပ်ချင်ဘူးနော် ငါဘာမှမလုပ်ချင်ဘူးနော် "

ဘာတွေတွေးထင်နေလဲတော့မသိ ရှောင်ကျန့်တစ်ယောက် Yiboရင်ခွင်ထဲကတွန်းကန်ပြီး မလုပ်ချင်ဘူးပဲသွတ်ပြောနေခဲ့၍ Yiboလည်း သူ့ကိုမျက်လုံးပြူးလေးနဲ့စိုက်ကြည့်မိပါ၏။

"ငါက ဘာလုပ်ရမှာလဲ ? . . . "

ရိုးသားလှပါသောYiboကိုယ်တော်မြတ်က ရှောင်ကျန့်ဘာတွေတွေးနေသလဲဆိုတာကို မသိရှာပေ။ အမြဲတစ်ယောက်တည်းအနေများခဲ့ပြီး ဒါကပထမဆုံးသူချစ်တဲ့သူနဲ့အိပ်ဖူးတာဆိုတော့ သူဘာသိမှာလဲ😐

Soulmate (Completed Story)Where stories live. Discover now