Part - 51

7.5K 906 46
                                    

[Unicode]ဘယ်လောက်ပဲရက်တွေကြာညောင်းပါစေ သူ့ရဲ့အထီးကျန်ဆန်မှုက ပျောက်ကွယ်မှေးမှိန်သွားပါတော့မလား။ နေ့ရက်တိုင်းကို အေးစက်စက်နဲ့ဖြတ်သန်းနေရင်း . . . .

နောက်ဆုံးတော့ သူကြိုးစားပြီး အလုပ်ပြန်ဝင်ခဲ့ရှာသည်။ သူ့အဖေကိုသတ်တဲ့တရားခံကိုလည်းရှာရဦးမှာမို့ သူငြိမ်နေလို့မရပေ။ အားတင်းထားရင်းပေ့ါ။

သူအလုပ်ပြန်ဝင်တော့ Zeeနဲ့လုံကျစ်နှစ်ယောက်ကို မမြင်မိပေ။ ချင်းယီကို ဘယ်ရောက်သွားလဲမေးတော့ သူမလည်း မသိဘူးပြန်‌ဖြေသည်။

အဲ့ဒီညက လုံကျစ်ကိုသွေးစွန်းနေတဲ့လက်တွေနဲ့တွေ့ခဲ့ရတာမို့ Yibo မသင်္ကာဖြစ်နေခဲ့သည်။ ဒါပေမယ့် သူ့အဖေကိုယ်ပေါ်က ဓါးကို လက်ဗွေရာစစ်ထားတာမို့ အဖြေရရင် တရားခံပေါ်မှာသေချာပါတယ် ။

"ခေါင်းဆောင် . . . . အဖြေထွက်ပြီလို့ပြောတယ် . . "

ထိုစဉ် စုံထောက်လီက အဖြေထွက်ပြီလို့ လှမ်းပြောတော့ Yiboခမျာ သတ်ပစ်ချင်တဲ့အကြည့်တွေနဲ့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်မိသည်။ စိတ်ကိုတင်းထားရင်း တရားခံပုံကို သူလိုက်စစ်ဆေး၏။ ချင်းယီလည်း ဘေးကနေ လိုက်လာခဲ့သည်။

"ဟင် လုံကျစ် ?? "

လက်ဗွေရာပိုင်ရှင်ပုံက လုံကျစ်အနေနဲ့ထွက်လာတော့ သူထင်ခဲ့တာမလွဲမှန်း Yiboသိလိုက်ရသည်။ စုံထောက်တွေကလည်း လုံကျစ်ဘာလို့ Yiboအဖေကိုသတ်မှန်း နားမလည်နိုင်ကြပေ။

"လုံကျစ်က ဘယ်လိုလုပ် . . . "

*လုံကျစ် ဒါမင်းလက်ချက်ကိုး . . . . . ငါမင်းကိုမရရအောင်ဖမ်းပြမယ် *

. . . . . . . . . . . . Ti Ti Ti . . . . . . .

ထိုစဉ် အရေးပေါ်ဖုန်းဝင်လာ၍ ချင်းယီအပြေးသွားကိုင်လိုက်သည်။

"ဟုတ်ကဲ့ မှုခင်းစစ်ဆေးရုံးခွဲ၂ကပါ "

ဖုန်းထဲကသတင်းပေးတဲ့သူဆီကစကားတွေကို ချင်းယီလက်ခံရင်း -

"Zi Zi အပေါင်ဆိုင်ဘေးမှာ လူသတ်မှုတစ်ခုဖြစ်လို့တဲ့ ခေါင်းဆောင် . . . ကျွန်မတို့သွားရမယ် "

"အိုက်ယား ZiZiအပေါင်ဆိုင်နားက ဖြစ်ဖြစ်နိုင်လွန်းတယ် လူလည်းပျက် ချောင်ကျနေတာကိုက လူသတ်ဖို့အခွင့်ရေးရနေလားမသိ "

Soulmate (Completed Story)Where stories live. Discover now