Part-27

8.4K 1K 35
                                    

[Unicode]" အမှုစစ်ချုပ်ကြီး. . . . . Wan Yiboက တွေ့ခွင့်တောင်းလာပါတယ်. . . "

ထူးထူးဆန်းဆန်းမလာစဖူး လာတယ်ဆိုတော့ အမှုစစ် ကျုံးစစ်ခန်လည်း ဧည့်ခံကြိုဆိုရှာပါသည်။ Wan Yiboကတော့ဝင်လာကတည်းက မျက်နှာသေကြီးနှင့်ပါ။ သူ့ဘေးမှာပါလာတဲ့ စုံထောက်ဖန်ကလည်း သူတို့နှစ်ယောက်ရဲ့အကြည့်တိုက်ကွက်တွေကြား ညှပ်နေလေ၏။

"ဘာကိစ္စနဲ့များ ရောက်လာကြတာလဲ . . ထိုင်ပါဦး. . . . "

သူ မဟုတ်တာမလုပ်ခဲ့သလို ရိုးသားတဲ့မျက်နှာနဲ့ ပြုံးပြနှုတ်ဆက်နေလေတော့ -

" ဟန်နာရဲ့အမှုကို ပိတ်လိုက်ပြီလို့ သတင်းရပါတယ်. . အမှန်တကယ်က အဲ့ဒါကျုပ်တို့လိုက်နေတဲ့အမှုပါ. . . ဒါတောင်ခွင့်မတောင်းပဲပိတ်တယ်ဆိုတော့ အထက်ကလူတွေက အောက်ခြေကဝန်ထမ်းတွေအပေါ်မလေးစားတာလား ??. . . "

Wan Yiboလည်း သိပ်မကြည်တဲ့လေသံနဲ့မျက်နှာထားနဲ့ဖြစ်နေတော့ ကျုံးစစ်ခန်တစ်ယောက် မဲ့ပြုံးတစ်ချက်ပြုံးရင်း ပြန်ဖြေဖို့အဖြေရှာလေသည်။

" အဲ့ဒီလိုဖြစ်သွားတားလား. . . ကျုပ်ထင်မထားမိခဲ့ဘူး. . . ရိုင်းပြသလိုဖြစ်သွားရင်လည်းတောင်းပန်ပါတယ်. . . "

"အဲ့ဒီတောင်းပန်တာတွေဘာတွေမလိုချင်ဘူး. . . ဘာကိစ္စအမှုကိုပိတ်လိုက်ရတာလဲ "

"သြော်. . . ဒါက ဘာမှမဟုတ်တဲ့အမှုသေးလေးဖြစ်နေတာနဲ့ အထက်ကပိတ်ခိုင်းလိုက်တာပါ. . Bejingက ရှန့်ဟိုင်းထက်ပိုပြီးအမှုကိစ္စကြီးတွေများတော့ အခုလိုအသေးအမွှားလေးတွေကို ပယ်လိုက်တာမဆန်းပါဘူး. . . . "

"အထက်က ပယ်တာလား. . . ခင်ဗျားသဘောနဲ့ပယ်လိုက်တာလား အမှုစစ်ကျုံးစစ်ခန် ! . . . ဒီကိစ္စကလည်းအမှုကြီးတစ်ခုဖြစ်နေတယ်ဆိုတာ ခင်ဗျားမသိခဲ့တာလား မသိချင်ယောင်ဆောင်နေတာလား. . . "

Yiboရဲ့ဒေါသစကားအဆုံးမှာ စုံထောက်ဖန်က လက်ထိပ်ကိုထုတ်လိုက်ပြီး ကျုံးစစ်ခန်လက်ကို ခတ်လာခဲ့သည်။

"ဒါဘာလုပ်တာလဲ ??. . . Wan Yibo ! . . . "

"တရားခံကိုကာကွယ်ပေးမှု . . လာဘ်စားမှုနဲ့. . ကိုယ်ပိုင်အမှုပိတ်မှုကြောင့် ခင်ဗျားရဲစခန်းကိုလိုက်ခဲ့ပေးရမယ်. . . ကျန်တာ အထက်ကတင်ပြတဲ့အတိုင်းစီစဉ်မယ်. . . "

Soulmate (Completed Story)Unde poveștirile trăiesc. Descoperă acum