Part - 35

8.9K 1.1K 58
                                    

[Unicode]ထိုစဉ် ရုတ်တရက် အထဲကိုဝင်လာတဲ့ ချင်းယီလေးတစ်ယောက်ကြောင့် သူတို့နှစ်ယောက်စလုံး တံခါးဘက်ကိုပြန်လှည့်ကြည့်လိုက်မိသည်။  Yiboကလည်း သူ့ဘောင်းဘီကို ခြေသလုံးအောက်ထိပြန်လျှောချလိုက်၏။ (Geကလွဲပြီး ဘယ်သူ့မှမပြနိုင်ဘူး . . 😑. အသည်းယားလို့ povထည့်မိ 😙 )

Yiboလှမ်းမေးလိုက်တော့ သူတို့နှစ်ယောက်ရဲ့မြင်ကွင်းကိုမြင်ပြီးခဲ့တဲ့ချင်းယီတစ်ယောက် အူကြောင်ကြောင်နဲ့ တံခါးဝနားမှာ ရပ်နေခဲ့သည်။

"  ကျွန်မအထဲဝင်လာလို့ရမလား. . . . . "

"အင်း. . . ဝင်ခဲ့လေ. .ချင်းယီ  . "

သူမ အထဲဝင်လာတော့ Yibo ထရပ်လိုက်သည်။ ချင်းယီကလည်း သူမယူလာတဲ့ဖိုင်ဘာချိုင့်ကို Yiboဆီကမ်းလာခဲ့၏။

"ခေါင်းဆောင်အတွက် ကျွန်မကိုယ်တိုင်လုပ်ပေးလာတာ. .ပုဇွန်ramenခေါက်ဆွဲ. . . "

"wow . . . မင်းကြိုက်တာကိုချက်ပေးနိုင်တဲ့ရည်းစားတစ်ယောက်ကိုပိုင်ဆိုင်ထားတာ. . .Yibo မင်းတော်တော်ကံကောင်းတာပဲ.  "

သူ့ရှေ့မှာ ရည်းစားတစ်တွဲလာ ro ပြနေတယ်လို့ အထင်နဲ့ ရှောင်ကျန့်တစ်ယောက်ပြုံးစိစိဖြင့် စလိုက်လေသည်။ Yiboမှာ ချင်းယီလက်ထဲမှ ချိုင့်ကို ယူဖို့ကြံတုန်း ရှောင်ကျန့်ပြောတဲ့စကားကြောင့် လက်တွန့်သွားရှာသည်။ ချင်းယီကတော့ ရှက်ကိုးရှက်ကန်းတွေဖြစ်လို့။

"ခေါင်းဆောင်က ramenခေါက်ဆွဲကိုကြိုက်တာလား. . . ကျွန်မတွေးတာမှန်သွားတာပဲ. . .  "

ကျေနပ်သွားတဲ့အပြုံးလေးဖြင့် Yiboကိုသူမ မော့ကြည့်လာသည်။ Yiboကတော့ ရှောင်ကျန့်ဘက်ကို မျက်စောင်းထိုးကြည့်နေရင်း -

"ရှောင်ကျန့်. . . မင်းနောက်နေတာမရပ်သေးဘူးလား. . .  "

"တကယ်လည်းမဟုတ်လို့လား. . .  clubတုန်းကဖြင့်အဖြစ်သည်းနေပြီး. . . ဟုတ်တယ်မလား ချင်းယီမိန်းကလေး. . . "

clubတုန်းက Yiboလုပ်ရက်ကို တကယ်ထင်သွားပြီး ပြောလိုက်တဲ့ရှောင်ကျန့်စကားကြောင့် ချင်းယီကတော့ကျေနပ်သွားပေမယ့် Yiboကတော့နှာကစ်နေလေပြီ။

" Yibo. . . မင်းကငါ့ကိုလျှိုထားချင်သေးလို့လား. . . တွဲနေတာဘယ်လောက်ကြာပြီလဲ ချင်းယီမိန်းကလေး. . .  "

Soulmate (Completed Story)Where stories live. Discover now