Part- 53

7.9K 914 63
                                    

[Unicode]Yiboရဲ့ရစ်သဲ့သဲ့စကားတွေကိုကြားရပြီးနောက်မှာ ရှောင်ကျန့်ရင်တွေမြန်ဆန်စွာခုန်လာခဲ့သည်။ စိတ်မထိန်းနိုင်တော့ပဲ သူ့ခံစားချက်အတိုင်း Yiboရဲ့ပါးနှစ်ဖက်လုံးပေါ်သို့ သူ့လက်ကိုခပ်ဖွဖွတင်လာခဲ့သည်။

"ငါထွက်ပြေးဖို့ကြိုးစားတိုင်း မင်းနဲ့ပိုပြီးနီးစပ်ချင်ခဲ့တယ် . . . ပိုပြီးတော့ ဒီ့ထက်ပိုပြီးတော့ . . . "

သူပြောရင်းပြောရင်း Yiboနှုတ်ခမ်းအနားကိုကပ်လာရင်း ထပ်ပြီး သူတို့နှစ်ယောက် အနမ်းတွေကိုဖန်ဆင်းခဲ့ကြလေသည်။

*ငါလည်း ထပ်ပြီးသိုဝှက်မထားချင်တော့ပါဘူးYibo. . မင်းနဲ့အဆက်ဖြတ်ဖိုကြိုးစားပေမယ့် ငါမှမတတ်နိုင်ခဲ့တာ . . . အဲ့ဒီတော့ ငါတို့တွေအနီးဆုံးမှာရှိနေကြရအောင် . . . ဘာတွေပဲဖြစ်ဖြစ် ငါမင်းကိုထားမသွားတော့ပါဘူးလို့ ငါကတိပေးပါတယ် *

ရှောင်ကျန့်လည်း ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး Yiboရဲ့နှုတ်ခမ်းသားတို့ကို ခုံမင်စွာနမ်းရှိုက်ယူနေခဲ့တော့သည်။

ဝင်လုဆဲဆဲနေရောင်ခြည်ဟာ သူတို့ကိုယ်‌ပေါ်သို့ဖြန့်ကျဲကျနေရင်း သူတို့ရဲ့အနမ်းရိပ်တို့က ‌မြေပြင်ပေါ်မှာ ခပ်စောင်းစောင်းထင်ဟပ်နေခဲ့လေသည်။

🍁🍁🍁🍁🍁

"စုံထောက်ဖန် . . . ရှင့်ဟာကသေချာလို့လား . . "

စုံထောက်ဖန်ကတော့ ချင်းယီကို အက်ဆီဒင့်တုန်းကတရားခံကိုရှာတွေ့ပြီဖြစ်ကြောင်း သေချာရှင်းပြလို့နေခဲ့သည်။ သူစုံစမ်းထားတဲ့အချက်တွေတစ်ခုမကျန်ထုတ်ပြနေရင်း-

"ဒါက CCTV သက်သေ . . . ဒါက သူ့ပုံအကြည် တကယ်သူမှသူအစစ် . . . အခုလည်း အိမ်ကိုတစ်ချက်သွားစစ်တာ ချိန်ရန် မရှိတော့ဘူးတဲ့ . . . သူတစ်ခုခုဖြစ်သွားရင်မလွယ်ဘူးနော် ဆက်သွယ်ဖို့ဖုန်းနံပါတ်လေးများမရှိဘူးလား . . . "

"ကျွန်မက ဒရိုင်ဘာကြီးဖုန်းနံပါတ်ပဲရှိခဲ့တာ ချိန်ရန်ကို ဘယ်လိုဆက်သွယ်မလဲ "

"အဲ့ဒါကြောင့်ပြောတာ မသိပါဘူးဆို "

"သူအိမ်မှာမရှိတာ ‌သေချာလို့လား "

Soulmate (Completed Story)Where stories live. Discover now