Part-60

7.2K 817 43
                                    

[Unicode]Yiboစာအုပ်ကိုကြည့်နေတာ အချိန်တော်တော်ကြာတဲ့အထိပါ။ စစ်ဆေးရေးတွေတောင် စစ်ဆေးပြီးပြန်ထွက်သွားခဲ့ကြပြီ။ သို့သော် သူသတိမထားမိပဲ ထိုစာအုပ်ပိုင်ရှင်ကိုစဉ်းစားလျှက်ရှိသည်။

"ခေါင်းဆောင် . .  အဲ့ဒီမှာ ဘာလုပ်နေတာလဲ ?? "

သူတစ်ယောက်တည်းကျန်နေခဲ့တော့တာမို့ ချင်းယီ လာခေါ်သည့်ပုံပင်။သူမ လာမေးမှ Yiboထိုစာအုပ်ကိုပိတ်လိုက်ပြီး သူမဘက်လှည့်လာခဲ့လိုက်သည်။

"ဆေးစာအုပ်တွေကြည့်ကြည့်နေတာပါ . . အကုန်ပြီးသွားပြီလား . . . "

"အင်း အဖွဲ့သားတွေလည်း ‌တရားခံရှာဖို့ လှုပ်ရှားနေကြတယ် . . . ကျွန်မတို့တရားခံကိုရှာနိုင်မှာပါ . . ဒါနဲ့ခေါင်းဆောင် အနားယူလိုက်တော့  . .စိတ်ပေါ့သွားပြီလားဟင် . . .   "

ချင်းယီမေးတဲ့ပုံကိုကြည့်ရတာ တစ်ခုခုကိုသိသိလျှက်နဲ့မေးနေသလိုပင်။  Yiboလည်း သူမကို ဘယ်လိုပြန်ဖြေရမလဲမသိတော့ပါ။

"အင်း . . . "

Yiboလည်း ကိစ္စအစအဆုံးသူမကိုပြောပြဖို့မလိုဘူးဆိုပြီး စကားလမ်းကြောင်းလွှဲခဲ့လေသည်။ သို့သော် ချင်းယီကတော့တစ်ခုခုသိနေတဲ့ပုံနှင့်။

". . . လက်က လက်စွပ်လေးကလှတယ်နော် . .  တစ်ခါမှ ခေါင်းဆောင်အခုလိုဝတ်တာမမြင်ဖူးဘူး . . . နှစ်ယောက်ကအဲ့ဒီအဆင့်တောင်ရောက်သွားပြီလား  "

သူမ ပြောလိုက်၍ လှည့်ထွက်ဖို့လုပ်နေသောYibo‌ခြေလှမ်းတွေရပ်တန့်သွားခဲ့ရ၏။ ဒါပေမယ့် ချင်းယီလည်း သူ့မှာချစ်နေတဲ့သူရှိတယ်ဆိုတာကိုသိရတဲ့အဖြစ်ကလည်း လွယ်ကူမနေခဲ့ပါဘူး။

"ကျွန်မသိခဲ့ပြီးပါပြီ . . . လက်ပတ်အကြောင်း . . . သူကံကောင်းတာပဲနော် . . . "

နောက်ဆုံးတော့ သူမ အကြောင်းစုံသိသွားပြီမို့ ရင်ထဲမှာခံပြင်းမိတာတွေက မျက်ဝန်းမှာမျက်ရည်တွေအဖြစ်လျှံတက်လာခဲ့လေသည်။ Yiboကတော့ မျက်နှာသေနဲ့သူမကိုစိုက်ကြည့်ရင်း -

"ငါ့ကိစ္စ မင်းသိစရာမလိုဘူး . . ."

ထပ်ပြီးဘာမှမပြောတော့ပဲ Yiboသူမရှေ့ကနေလှည့်ထွက်သွားတော့၏။ ချင်းယီမှာတော့ ခံစားချက်တစ်ချို့နဲ့ကျန်ရစ်နေခဲ့သည်။

Soulmate (Completed Story)Where stories live. Discover now