Part 37

8.3K 994 47
                                    

[Unicode]ဆေးရုံကဆင်းလာပြီးကတည်းက Yiboကစိတ်မချ၍ ရှောင်ကျန့်ကိုလည်း သူ့အပါးကအခွာမခံ အိမ်ကိုအတူတူခေါ်လာခဲ့၏။
ရှောင်ကျန့်ရဲ့မနေတတ်တဲ့စိတ်အရ သူနေရတဲ့Yiboရဲ့အိမ်မှာ ဝေရာဝစ္စ သူအကုန်လိုက်လုပ်ပေးသည်။ တားလည်းမရပါ။

ထို့ပြင် ငယ်ငယ်ကဝါသနာပါခဲ့တဲ့အတိုင်း webtoonဆရာတစ်ယောက်အနေနဲ့ သူ့ဘဝသစ်ကို စတင်မည်ဆိုတဲ့အကြောင်းပြချက်ဖြင့် Yiboရဲ့ lap topကိုငှါးထားသည်ကား. . . တစ်ချိန်လုံးပင်။ နေ့နေ့ညည အဲ့ဒီlap topကို အရေးတကြီးသုံးနေသည့်အကြောင်းပြချက်အစစ်မှန်ကိုတော့ Yiboလည်း မသိတတ်။

. . . . . . . . . . ကျွီ. . . ~ ~ ~ ကျွီ. . . . ကျွီ. . ~ ~ . . . .

အေးချမ်းတဲ့မနက်ခင်းချိန်ခါလေးမှာ ငှက်ကလေးတွေရဲ့မြည်တွန်းသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက သာယာနေခဲ့သည်။ ထွက်ခါစနေမင်းကြီးဟာလည်း ဆောင်းရာသီရဲ့ချမ်းအေးမှုဒဏ်တွေကိုကြံ့ကြံ့ခံပြီး အနွေးဓါတ်စစ်ခင်းပေးလို့နေ၏။

ထိုနေရောင်ဟာ ပြတင်းပေါက်တစ်ဖက်တစ်ချပ်ဆီသို့ ခန်းစီးကနေထိုးထွင်းလာပြီး ဧည့်ခန်းကခုံမှာထိုင်နေတဲ့ရှောင်ကျန့်မျက်နှာကိုလာဟပ်လေသည်။

*ဟင်. . . မနက်လင်းသွားပြီလား. . . . . *

သနားစရာ ရှောင်ကျန့်တစ်ယောက် lap topထိုင်သုံးနေရာက တစ်ညလုံးကုန်သွားမှန်းတောင် မသိလိုက်ပေ။ တစ်ခုခုကိုကြိုးကြိုးစားစားလုပ်နေသည့်ပုံပင်. . .ဆောင်းနံနက်ခင်းကိုတောင်မထောက် သူ့နားထင်မှာ ချွေးစတွေခိုတွဲနေလေ၏။

တစ်ညလုံးအလုပ်လုပ်နေခဲ့တာမို့ မျက်လုံးတွေကဝေဝါးနေရာ လက်ခုံနဲ့ဖိကပ်ပွတ်လိုက်ရင်း ဘေးကပြတင်းပေါက်တွေကို ဖွင့်လိုက်လေ၏။

"သြော်. . ရှောင်ကျန့် မနက်စောစောစီးစီးကြိုးစားလှချည်လားဟ. . . . . "

ထိုစဉ် သူတစ်ညလုံးမအိပ်မှန်း မသိတဲ့ Yiboအဖေ ဝမ်လင်းမင်တစ်ယောက်က စောစောထပြီး အလုပ်လုပ်နေတယ်ထင်၏။

ဝမ်လင်းမင်ကတော့ သူ့ထုံးစံအတိုင်း မနက်စောစောထ အိမ်အပြင်ဘက်ဝန်းထဲမှာ ခြံရှင်းဖို့ ထလာခြင်းဖြစ်သည်။ သူ့သားသူငယ်ချင်းမို့ ခင်မင်စွာနဲ့ နှုတ်ခွန်းဆက်လိုက်၏။ ရှောင်ကျန့်လည်း Yiboအဖေကို ရိုသေတမှုနဲ့ပြန်နှုတ်ဆက်လိုက်သည်။

Soulmate (Completed Story)Where stories live. Discover now