Part - 12

10.6K 1.3K 47
                                    

[Unicode]At 7:00PM ;
ဟန်နာအမှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့တရားခံကိုဖမ်းထားတဟ်ဆိုပေမယ့် သေချာအောင် သူတို့စစ်ဆေးရသေးသည်မလား။ ချင်းယီတစ်ယောက် စစ်ဆေးရေးမှတ်တမ်းက ပြန်လာသည်ထင့်။

သဲလွန်စဖြစ်နိုင်တဲ့ စစ်ဆေးချက်စာရွက်စာတမ်းတွေကို ထိုဌါနကနေ ယူလာကာ Yiboရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ သူမဟာလည်း Yiboရောက်လာပြီးကတည်းက တော်တော်များများကို အဖက်သိပ်မလုပ်တော့ပေ။ Yiboအတွက်သာ အလုပ်လုပ်ပေးနေသလိုမျိုးဖြစ်နေခဲ့သည်။

" clubလမ်းတိုင်က CCTVမှတ်တမ်းတွေထွက်လာပါပြီ ခေါင်းဆောင် ! . . . တစ်ချို့တွေက အလုပ်မလုပ်တော့တာရယ် memoryမsaveနိုင်တာရယ်ကြောင့် . . . ဒီမှတ်တမ်းတစ်ခုပဲရခဲ့တယ်  . . . "

သူမရယူလာတဲ့စာရွက်တွေကို Yiboရဲ့စားပွဲပေါ်တင်ပေးလို့လာသည်။ ထုတ်လာတဲ့စာရွက်ဖိုင်တွေထဲမှာ ဟန်နာကို ကားနက်တစ်စီးပေါ်တင်ခေါ်နေတဲ့ပုံ ဖြစ်သည်။ ခေါ်ဆောင်သွားသူရဲ့နောက်ကျောကိုပဲမြင်ရသည်ကတစ်ကြောင်း . . အနည်းငယ် ဝါးနေသည်ကတစ်ကြောင်း တရားခံကိုသေချာမမြင်ရ။

"ချင်းယီထင်မိတာတော့ . . . အဲ့ဒီလူပဲ ဟန်နာကိုသတ်ခဲ့တာဖြစ်ရမယ် . . . "

"နောက်ကျောပဲမြင်နေရတယ် . .  ဟို . . . တခြားမှတ်တိုင်က CCTVတွေကရော ? . . အထူးသဖြင့် Chongqingကဟာလေ . . . "

"ဟုတ် . .  အဲ့ဒါက အခုထိ မှတ်တမ်းရှာနေတုန်းပါ . .  မြို့ပြင်လမ်းဆိုတော့ အဲ့ဒီက CCTVတွေကဟောင်းတယ်လေ . . မှတ်တမ်းတင်မိထားတောင် ပြန်ကြည့်ဖို့ကမလွယ်ဘူးဖြစ်နေတယ် . .  တူလားဟင်  . . ဒီထဲကလူနဲ့ အချုပ်ထဲကလူက . . "

သိချင်စိတ်နဲ့မေးလာတဲ့ချင်းယီမေးခွန်းက Yiboအတွက် စဉ်းစားစရာပင်။

" ငါသူ့ကိုသံသယရှိတယ် . . . ဖြစ်နေတဲ့နှစ်မှုလုံးက သူနဲ့သက်ဆိုင်နေမယ်လို့ . . . သူ့ရင်ဘတ်မှာ တံဆိပ်အမှတ်အသားရှိတယ် . .  သူလက်ဗွေရာဖျောက်ထားခဲ့ပေမယ့် အဲ့ဒီ ရုံးအပြင်က CCTVကိုတော့ သူမဖျက်ပစ်ခဲ့ဘူး . . . အဲ့ဒီကမှတ်တမ်းမှာလည်း သံသယရှိတာကသူ့ကိုပဲ.  တစ်ခုခုထပ်ထူးခြားလာရင် ငါ့ကိုအသိပေး . . . "

"ဟုတ်ကဲ့ပါ ခေါင်းဆောင် ! . . . . ဟို . . .  ကျွန်မတို့ ကော်ဖီသွားသောက်ကြရအောင်လား . . . ညညဆိုချမ်းလာတော့ ရင်ထဲနွေးသွားအောင် . . . "

Soulmate (Completed Story)Where stories live. Discover now