Part - 45

6.7K 708 2
                                    

[Unicode]ရှောင်ကျန့် ရဲ့မစဉ်းစားပဲဆင်ခြေတန်းပေးလိုက်တဲ့ စကားကြောင့် Yiboအူကြောင်ကြောင်ဖြစ်သွားရသည်။

"ကြောင်ကုတ်တာ ? "

"ဟူတ်တယ် မနေ့က လမ်းဘေးကကြောင်လေးကိုသနားလို့အစာသွားကျွေးတာ ပီးတော့ချစ်စရာကောင်းလို့ပွေ့ဖက်လိုက်တာ သူကမကြိုက်လို့ကုပ်လိုက်ရော . . . "

သနားစရာ Yiboလေးခမျာ တကယ်ထင်သွားပြီးခေါင်းတငြိမ့်ငြိမ့်နှင့်။ သူမှတ်မိအောင်တော့ပြန်စဉ်းစားနေလေရှာရဲ့။ ရှောင်ကျန့်ကတော့ သူလိမ်တာ ယုံမယုံ အကဲခတ်ကြည့်နေမိသည်။

"သဘက်ခါဆိုရင် နှစ်သစ်ကူးပြီနော် . . . "

Yiboပြောမှ ရှောင်ကျန့်လည်း နှစ်သစ်ကူးနေ့ကိုသတိရသွားသည်။ ပျော်ရွှင်စရာနေ့လေးတစ်နေ့အကြောင်းတွေးလိုက်မိတော့ ရှောင်ကျန့်ချက်ချင်းမျက်နှာကရွှင်ပျလာခဲ့၏။

"ဟုတ်သားပဲ မေ့နေတာ . . . ဦးလေးဆီကနေ ဟုန်ပေါင်းအများကြီးတောင်းရမယ် . . . မရခဲ့တာတော်တော်ကြာနေပြီ . . .အဲ့ဒီနေ့ကျ မီးရှူးပန်းဖောက်ရအောင် ငါတို့  "

လုပ်ချင်တာတွေပြောပြကာ ဟုန်ပေါင်းအများကြီးလိုချင်နေတဲ့ရှောင်ကျန့်မျက်နှာကို ငေးရင်း Yiboတစ်ယောက် နှစ်လိုဖွယ်ပြုံးလိုက်လေသည်။

*အခုလိုငါ့ဘေးမှာ ရိုးသားဖြူစင်သူတစ်ယောက်အနေနဲ့ တစ်သက်လုံးရှိစေချင်ပါတယ် ရှောင်ကျန့် . . . အဲ့ဒီအပြုံးလေးတွေနဲ့ . . . . *

"ငွေပဲတောင်းရမလား . . . lap topတောင်းရမလား . .  ဒါမှမဟုတ် ငါမစားရတာကြာပြီဖြစ်တဲ့အမဲသားဟော့ပေါ့ပဲလုပ်ကျွေးခိုင်းရမလား . . . "

သူ့ရဲ့လွတ်လပ်စွာစကားပြောပုံတွေကိုစိုက်ကြည့်နေသော်လည်း သူဘာပြော‌နေမှန်း Yiboနားမလည်နိုင်သလို ကြားလည်းကြားမည်မဟုတ်ပေ။ သူ့အတွေးနဲ့သူ ရှောင်ကျန့်ကသူ့ဘေးမှာရှိနေလို့ကျေနပ်နေတာဖြစ်မည်။

"Yibo ငါပြောတာကြားလား "

"ဟင် . . . အင်း "

တကယ်တော့ သူ မကြားပေမယ့် သံယောင်လိုက်ပြီးခေါင်းငြိမ့်မိသည်။

Soulmate (Completed Story)Where stories live. Discover now