Part - 50

7.1K 806 19
                                    

[Unicode]မေးနေတဲ့စကားတို့တောင် ရပ်တန့်သွားတာမို့ လုယွင်လည်း သူ့မျက်နှာလေးကိုစိုက်ကြည့်မိပါ၏။

ထိုစဉ် ချိန်ရန်က လုယွင်ရဲ့ကော်လံစကိုတင်းကြပ်စွာဆွဲကိုင်လိုက်ရင်း - မျက်နှာချင်းကိုနီးကပ်စေလိုက်သည်။

"ငါ့အကိုတစ်ခုခုဖြစ်သွားတာမဟုတ်ဘူးမလား . . . ငါ ငါထင်နေသလိုမျိုးမဟုတ်ဘူးမလား . . . ပြန်‌ဖြေစမ်းပါ လုယွင် ငါထင်နေတာမဟုတ်ဘူးမလားလို့ . . .  "

"မင်းထင်နေတာ မှန်ပါတယ် "

စိတ်ထဲမှာ ဝမ်းနည်းမှုတွေပြည့်နှက်လာပြီး လုယွင်ကော်လံကိုဆွဲရမ်းနေရင်း သူအော်ဟစ်မေးတော့သည်။ လုယွင်ကတော့ သူစိတ်ခံစားချက်ကိုမထိန်းချုပ်ချင်၍ ဒီတိုင်းပဲငြိမ်နေပေးလိုက်သည်။ ချိန်ရန်မှာတော့ သူတွေ့ချင်လှပါတယ်ဆိုပြီး ရက်ပေါင်းများစွာစောင့်နေခဲ့ရာကနေ အခုလိုသိလိုက်ရတော့ မယုံကြည်နိုင်သလို မခံစားနိုင်ပဲ ငိုမိတော့သည်။

"ကျွန်တော့်ကို ဘာလို့ထားသွားတာလဲ . . . ဘာလို့တစ်ယောက်တည်းထွက်သွားတာလဲ . . . . . . .  ကျွန်တော်စောင့်နေခဲ့တာလေ . . . အကို မတရားဘူး . . . "

မြစ်ဘက်ကိုမျက်နှာမူရင်း သူ အတင်းအော်ဟစ်ပေါက်ကွဲကာ ပုဝါစည်းထားတဲ့ကြားကနေ မျက်ရည်တွေတပေါက်ပေါက်စီးကျနေခဲ့၏။ လုယွင်လည်း ချိန်ရန်ဘေးကနေ မြစ်ဘက်ကို အပြစ်ရှိနေသောမျက်ဝန်းများနှင့်ငေးကြည့်နေရင်း -

*ကျွန်တော် တကယ် တမင်လုပ်ခဲ့တာမဟုတ်ပါဘူး . . . ကျွန်တော့်အပြစ်အတွက် ချိန်ရန်ကိုတစ်သက်လုံးစောင့်ရှောက်သွားမှာပါ . . . ဒါ့ကြောင့် ကျွန်တော်တို့ကိုခွဲမယ့်ပြဿနာတွေကို တားဆီးထားပေးပါ . . . အားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ် . . . . . . .  *

လုယွင်တစ်ယောက် မြစ်ကြီးကို ဂါရဝပြုလိုက်ပြီး ချိန်ရန်‌ဘေးမှာဝင်ထိုင်လိုက်သည်။ အချိန်အကြာကြီး ထိုင်ငိုနေခဲ့ရာ အခုတော့ သူ့မျက်ရည်တွေကုန်ခါလုနီးပါးဖြစ်နေပြီမို့ တရှုံ့ရှုံ့နှင့်ဖြစ်နေခဲ့သည်။

နွေဦးဝင်စဆိုပေမယ့် မြစ်ပြင်ကြီးမှာတော့ ဆောင်းဓါတ်လေးတွေခိုနေသေးတာမို့ မိုးချုပ်ပြီဆိုရင် အေးစပြုလာစမြဲပါ။ တစ်ချိန်လုံးလည်းငိုပြီးနေပြီမို့ သူ့ကိုအိမ်ပြန်ခေါ်သွားဖို့ လုယွင်ဆုံးဖြတ်လိုက်သည်။

Soulmate (Completed Story)Where stories live. Discover now