Part-61

6.4K 673 28
                                    

[Unicode]"ရှောင်ကျန့် ငါပြန်လာပြီ . . .  "

အမှုကိစ္စနဲ့ရှုပ်နေတော့ ညနည်းနည်းမိုးချုပ်မှ Yiboအိမ်ပြန်လာခဲ့၏။ အိမ်ထဲရောက်တော့ တိတ်ဆိတ်နေတာနဲ့ သူလှည့်ပတ်ရှာမည်အလုပ်-

"နောက်ကျတယ်နော် ဒီနေ့ . . . "

အခန်းကနေ ထွက်လာပြီး ရှောင်ကျန့် သူ့ကိုကြိုဆိုလာ၏။ မျက်နှာကတော့ သိပ်မကောင်းပေ။

"အင်း . . . အမှုကိစ္စရှုပ်နေလို့ . . . မင်းမျက်နှာလည်းမကောင်းဘူး အဆင်ပြေရဲ့လား . . . . . "

Yiboလည်း ပြန်ရောက်ရင် သူ့အရိပ်အကဲကိုပဲကြည်နေမိတော့ ရှောင်ကျန့်လည်း တစ်ခုခုစိတ်ထင့်စရာရှိသော်ငြား အတတ်နိုင်ဆုံးပြုံးပြလာသည်။

"အဆင်ပြေပါတယ် . . . မင်းမစားရသေးဘူးမလား ငါပြင်လိုက်မယ် . . . "

"အယ် ထားလိုက်တော့ . . ရှောင်ကျန့် ငါစားခဲ့ပြီးပြီ . .  အပြင်ကနေ . . . "

သူက ချက်ထားခဲ့ရပေမယ့် ထိုတစ်ယောက်က စားခဲ့ပြီးပြီဆိုတာကြားတော့ သူ့မျက်နှာကပြန်ပျက်သွားလေသည်။ ထို့နောက် ဘာမပြောပဲခေါင်းငုံ့ပြီးငြိမ်သွားခဲ့သည်။

"အမှုရှုပ်နေလို့ တခြားသူတွေဆိုမပြန်ဘူး ငါကမင်းနဲ့မခွဲနိုင်လို့ လစ်ထွက်လာခဲ့တာ သူတို့ကမပြန်တော့ အကုန်ပေါင်းမှာလိုက်တာနဲ့ ငါညစာစားဖြစ်သွားတာ . . .  "

"မစားဘူးဆိုလည်းပြောလေ . . . ဒီကပိုချက်ထားမိတာကို . . . "

ရှောင်ကျန့်မှာ တကယ်သူ့ရဲ့ကြင်ဖော်တစ်‌ယောက်ကဲ့သို့ ပွစိပွစိနဲ့စိတ်ဆိုးသွားတာမြင်ရတော့ Yiboပြုံးမိပါရဲ့။

"ငါကဘယ်လိုပြောရမှာလဲ ဖုန်းရှိပြီး sim cardမထားတဲ့ခင်ဗျားဆီကျုပ်က ဘယ်လိုဖုန်းဆက်ပြီးမက်ဆေ့ပို့ရမှာလဲ ပြောပါဦး ဟင် ! "

ဟုတ်လည်းဟုတ်နေတာပဲ Yiboသူ့ကိုဆက်သွယ်၍ရမည်မဟုတ်တာမို့ အကြောင်းရင်းလေးရှင်းပြတော့ ရှောင်ကျန့်က မကြည်တဲ့အကြည့်နဲ့စိုက်ကြည့်လာခဲ့သည်။ သေချာတယ် စိတ်ကောက်တော့မှာ။

"အကုန်လွှင့်ပစ်လိုက်တော့မယ် ဘာမှလာမပြောနဲ့ "

ထို့နောက်ဆောင့်ကြီးအောင့်ကြီးနဲ့ မီးဖိုဘက်ထွက်သွား၍ Yiboမနည်းလိုက်ချော့ရတော့သည်။

Soulmate (Completed Story)Where stories live. Discover now