Part-63

6.2K 716 8
                                    

[Unicode] . . . . . မဟုတ်ဘူး . . . ဒါတကယ်မဟုတ်ဘူး . . . တောင်းပန်ပါတယ် . . . ကျွန်တော့်ကိုလွှတ်ပေးပါ . . .
အလွှတ်ပေးကြပါ . . . . ပူတယ် . . . . ပူတယ်. . .. . .

တညလုံးဂယောင်ဂတမ်းဖြစ်နေ‌သည်က မနက်ရောက်တော့အခြေအနေပိုဆိုးလာခဲ့သည်။ ပေါင်ကဒဏ်ရာကပိုးဝင်ပြီး တဖြည်းဖြည်းအဖျားတက်ကာ အတင်းလူးလိမ့်လာတော့သည်။

သူ့ရဲ့ညည်းညူသံကြောင့် ဘေးမှာအိပ်ပျော်နေတဲ့Yiboလည်း လန့်နိုးသွားလေ၏။

"ရှောင်ကျန့် . . . ရှောင်ကျန့် ဘာဖြစ်လို့လဲ . . . . "

ရှောင်ကျန့်လူးလိမ့်နေတော့ Yiboလည်းလန့်ပြီး သူ့ပုခုံးကိုထိန်းချုပ်ကာ အသိဝင်အောင်မေးလိုက်မိသည်။ ထိုစဉ် သူကိုင်လိုက်တဲ့ ရှောင်ကျန့်ပုခုံးကအရမ်းပူကျစ်နေလေတော့ Yiboအရမ်းစိုးရိမ်သွားရသည်။

"မင်းကိုယ်တွေအရမ်းပူနေတာပဲ . . . မဖြစ်ဘူး ရှောင်ကျန့် သတိထားဦး ရှောင်ကျန့် ငါခေါ်တာကြားလား ရှောင်ကျန့် "

အိပ်မက်ဆိုးနဲ့အတူ ဂယောင်ဂတမ်းဖြစ်နေရာကနေ Yiboထိန်းချုပ်ပြီး အသိဝင်အောင် ခနခနမေးပေးတော့မှ ရှောင်ကျန့်မျက်လုံးအစုံပွင့်ဟလာခဲ့သည်။

"သတိမလွတ်စေနဲ့ . . . မင်းဖျားနေပြီ . . . ဆေးခန်းသွားရအောင် . . . "

"ဟင် "

သူနိုးနိုးလာချင်း Yiboပြောတာကိုနားထောင်ရင်း သူဘာဖြစ်နေတာလဲပြန်စဉ်းစားမိခဲ့သည်။ ပေါင်တခြမ်းက တဆစ်ဆစ်နဲ့နာနေပြီး ခေါင်းတွေမူးဝေနေပုံထောက် Yiboပြောတဲ့အတိုင်း သူဖျားနေတာပဲလို့တွေးလိုက်မိသည်။

"ဟုတ်သားပဲ ငါဖျားနေတာ . . . ဆေးတစ်ခုခုသောက်ရင်ပျောက်သွားမှာပါ . . . "

နဂိုကတည်းကပေါ့ပေါ့ဆဆပဲနေခဲ့တာဆိုတော့ အကျင့်ကမပျောက်သေးပဲ Yiboရင်ခွင်ထဲခေါင်းထိုးကာမှီလိုက်‌လေ၏။

"ဟာ မရပါဘူး . . . အပျင်းမထူနဲ့ . . မင်းကိုယ်တွေတော်တော်ပူနေတာ မရဘူး သွားရမယ် "

"အာ Yibo ငါမသွားဘူး မသွားဘူး "

"မသွားရင် ငါ ကျန့်ကောလို့ ထပ်ခေါ်မှာနော် လာ "

Soulmate (Completed Story)Where stories live. Discover now