Part - 46

6.6K 780 13
                                    

[Unicode]ရှောင်ကျန့်မှာ လုယွင်အားကြောင့် နံရံနဲ့ကျောနဲ့ ဒုန်းခနဲဆောင့်မိပြီး ကျောပြင်တစ်ခုလုံးပူထူသွားရသည်။ ချက်ချင်းပဲလုယွင်လက်ကို သူဆွဲဖယ်ရင်း

"လုယွင် ဒါဘာလုပ်တာလဲ ငါ့ကိုလွှတ် . . . "

"သူငယ်ချင်းကောင်းဟုတ်လား . . . ငါကမင်းရဲ့သူငယ်ချင်းတဲ့လား . . . . "

လုယွင်မှာ တစ်ခုခုကိုမခံမရက်နိုင် ဒေါသတကြီးနဲ့အော်ပြောနေ၍ သူဘာဖြစ်နေလဲဆိုတာ ရှောင်ကျန့်မခန့်မှန်းနိုင်တော့ပေ။
စိတ်တိုတိုနဲ့အားသန်နေတော့ ရှောင်ကျန့်မှာ သူ့လက်ကရုန်းမရပေ။

"မင်းကငါအရမ်းခင်တဲ့သူတစ်ယောက်လေ . . . လုယွင် စိတ်ကိုထိန်းပါ "

"မထိန်းဘူး . . . ငါကမင်းရဲ့အချစ်ဆုံးသူငယ်ချင်းဆိုရင် ဘာလို့ မင်းလုပ်သမျှအရာအားလုံးငါကမသိရတာလဲ . . . မင်းရင်ထဲမှာရှိတာတွေလည်း ငါ့ကိုပြောမပြဘူး တစ်ခါမှလည်းရင်မဖွင့်ဘူး မင်းလုပ်ချင်တာကိုမင်းဘာမင်းတစ်ယောက်တည်းကျိတ်လုပ်တာ အဲ့ဒါသူငယ်ချင်းကောင်းတဲ့လား . . . . "

ကော်လံစကို အတင်းဆွဲကိုင်ပြီး ဒေါနဲ့မောနဲ့ပြောနေတာမို့ ရှောင်ကျန့် လည်ပင်းအစ်ပြီးအသက်ရှူကြပ်ချင်သွားရသည်။

"လုယွင် ငါ့ ငါ့ကို လွှတ် "

"ဘာမဟုတ်တဲ့အဲ့ဒီရဲကိုကယ်ပြီး ကိုယ့်ကိုယ်ကိုသစ္စာဖောက်အဖြစ်ခံယူတယ် . . . ဘာလဲ မင်းက အခုမှ သမာသမက်ကျချင်သွားတာလား မင်းပြောတယ်လေ ရဲတွေက တုံးအတယ် လာဘ်စားတယ်ဆို . . . အဲ့ဒီလိုကောင်ကို မင်းကဘာလို့အသက်ပေးပြီးကာကွယ်ရတာလဲ ပြီးတော့ ဘာလို့ငါ့ကိုမတိုင်မပင်လျှောက်လုပ်ရတာလဲ "

"အေး . . . သူကငါအရမ်းချစ်တဲ့သူမို့ ကာကွယ်ပေးခဲ့တာ မင်းကဘာဖြစ်ချင်နေတာလဲ . . . "

လုယွင်ရဲ့ပြောစကားတွေကိုမခံနိုင်တော့ပဲ ရှောင်ကျန့်ဒေါသထွက်လာပြီး အတင်းအော်ပြောလိုက်လေသည်။ သူ့ရဲ့ပြောစကားကြောင့် လုယွင်လက်တွေတုန်သွားရ၏။ ထို့နောက် သူ့ရဲ့လက်တို့သာ ရှောင်ကျန့်ကော်လံဆီကနေ ပြေလျှော့လျှက် -

"ရှောင်ကျန့် မင်း ဘာပြောလိုက်တယ် "

"ငါမင်းကိုပြောခဲ့ဖူးတယ်လေ ငါ့မှာအရမ်းချစ်ရတဲ့ငါအရမ်းလွမ်းရတဲ့ အရမ်းမြတ်နိုးရတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်လို့ . . .အဲ့ဒါ Wang Yiboပဲ "

Soulmate (Completed Story)Where stories live. Discover now