Part - 25

9.4K 1K 51
                                    

[Unicode]ပြောချင်မိတဲ့စကားနဲ့ပြောနေရတဲ့စကားတွေက တလွဲတွေဖြစ်နေခဲ့ရပြီး ရင်ထဲကမွန်းကြပ်မှုတွေကိုမြိုသိပ်နေရင်းသာ ရှောင်ကျန့်ကျန်နေခဲ့ရတော့သည်။

"အား. . . . . ခေါင်းဆောင် အယ် Wan Yibo ဖြည်းဖြည်းလျှောက်ပါ. . . . . . "

Yiboစိတ်တိုနေတာကတော့ ချင်းယီကို လာကျီစယ်တဲ့အတွက်ကာကွယ်ပေးချင်စိတ်ရှိခဲ့တာမဟုတ်ပဲ ရှောင်ကျန့်ရဲ့အပြုအမူကို အလိုမကျလို့သာဖြစ်ခဲ့သည်။ ဒါပေမယ့်အဲ့ဒီဒေါသကမသေသေးပဲ အပြင်ထိတောင် ချင်းယီလက်ကိုမလွှတ်ပဲရှိခဲ့သည်။ ချင်းယီကတော့တစ်မျိုးထင်နေမိမှာသေချာပါတယ်။

သူမအတင်းအော်မှ Yiboခဏရပ်တန့်လိုက်မိ၏။

"လွှတ် လွှတ်တော့ အရမ်းနာနေပြီ. . . . .  "

သူမပြောရင်းဆိုရင်း Yiboလက်ထဲကနေ သူ့လက်ကိုဆွဲနုတ်လိုက်သည်။

"ဟူး. . . . အဲ့ဒီclubကတော်တော်မလွယ်တာပဲ. . "

သူမခမျာလည်း သံသယအဝင်မခံရအောင် ဒီဇိုင်းလှလှလေးဝတ်လာရတော့ ဆောင်းရာသီရဲ့အအေးဓါတ်နဲ့သိပ်မလိုက်ဖက်ရှာပေ။ ထို့အပြင် လူဆိုးတစ်ယောက်ရဲ့စိုက်ကြည့်ခြင်းကိုခံခဲ့ရတော့ မိန်းကလေးတစ်ယောက်အနေနဲ့ကြောက်မိတာလည်းပါသည်။ ဆောင်းညတို့ရဲ့လေအေးတွေက သူမကိုယ်ကိုရိုက်ခတ်နေတာမို့ စကားသံတောင်နည်းနည်းတုန်နေလေသည်။ Yiboဘေးမှာ ရပ်စကားပြောနေရင်း လက်နှစ်ဖက်ကို ကွေးနေအောင်ပိုက်ထားလေ၏။

သူမပုံစံကို Yiboတစ်ချက်လှည့်ကြည့်မိပြီး မျက်စိမသက်မသာဖြစ်တာနဲ့ သူ့အပေါ်ကုတ်အကျီၤကိုချွတ်ပေးလာသည်။

"ရော့. .,. ဒါခြုံထားလိုက်. . . . . "

နဂိုကတည်းက သူပြောတဲ့စကားတွေကြောင့်ရင်ခုန်တာမရပ်သေးတဲ့ချင်းယီခမျာ မြင်ရခဲတဲ့Yiboရဲ့ဂရုစိုက်မှုကိုမြင်ရတော့ တော်တော်ရင်ခုန်သွားရှာသည်မှာ မျက်နှာလေးပင်ရဲလာခဲ့သည်။

"တော် တော်ပါပြီ . .  .  အယ်  Wan Yiboပဲဝတ်ထားလိုက်ပါ  "

အရစ်ရှည်တာလည်း Yiboမကြိုက်ပြန်တော့ ဆက်မပြောတော့ပဲ သူမအနားသွားလိုက်ပြီး ပုခုံးထက်ကို သူ့အကျီၤထပ်ခြုံပေးလာခဲ့သည်။

Soulmate (Completed Story)Where stories live. Discover now