Part - 38

8.1K 822 15
                                    

[Unicode]. . . . . သွားစမ်း. . . ခလွမ်. . . . . . . . ငါ အဲ့ဒီကောင်ကိုသတ်ပစ်ချင်တယ်. . . အားလုံးကိုသတ်ပစ်မယ်. . အားလုံးကို. . . . . .

အပန်းဖြေစံအိမ်လေးရဲ့မြေအောက်ခန်းထဲမှာတော့ ချောင်ယွမ်တစ်ယောက် မူးရူးသောင်းကျန်းနေလေ၏။ အရင်က ဖအေ့အရိပ်အောက်မှာ လုပ်ချင်တိုင်းလုပ်ခွင့်ရခဲ့ပြီး အခုလို ပုန်းအောင်းနေရတော့ သူတကယ်စိတ်တိုနေသည်။ အဖွဲ့သားတွေကလည်း သူ့ကိုအပြင်မထွက်အောင် ထိန်းချုပ်ထားကြတော့ သူမလွတ်လပ်တော့။

ဒါ့ကြောင့် အခန်းထဲမှာပဲ ဆူညံသောင်းကျန်းနေလေ၏။ နဂိုကတည်းက အပျော်အပါးမက်ပြီး စိတ်ကြီးတဲ့သူမို့ အခုထိန်းမရသိမ်းမရဖြစ်ရသည်။

အမူးလွန်နေတော့ သူ့ရဲ့အပျော်တွေကိုဖျက်ဆီးခဲ့တဲ့ ရဲတွေကိုမကျေမနပ်ဖြစ်တာကတစ်ကြောင်း သူ့အဖေကိုမလိမ့်တစ်ပတ်လုပ်သွားတဲ့ရှောင်ကျန့်ကိုသတ်ပစ်ချင်တာကတစ်ကြောင်း လက်တွေ့မှာတော့ ပုန်းအောင်းနေရတာကို စိတ်မရှည်တာကတစ်ကြောင်း သူ့စိတ်ထဲမှာ ခံစားချက်မျိုးစုံပေါက်ကွဲနေခဲ့လေသည်။

. . . . . . . အိုက်ယား. . . သခင်လေးက တကယ်ထိန်းမရတော့ဘူးပဲ. . . . . . .

"ရဲတွေက ဒီဘက်တစ်ဝိုက်ကို လာစစ်ဆေးမယ်လို့ သတင်းရထားတယ်နော်. . . "

သူတို့တွေကလည်း လူလည်တွေဆိုတော့ ရဲဌါနဘက်ကို သူတို့ရဲ့လူနှစ်ယောက်လောက် ရုပ်ဖျက်ပြီး သွားခိုင်းထားသည်။ Zeeနဲ့လုံကျစ်ဆိုတဲ့နှစ်ယောက်ပါ။ သူတို့ဆီကအကြောင်းကြား၍ ကြိုတင်ကာကွယ်ဖို့ သူတို့ကြံဆရတော့၏။

"အင်း. . . ငါတို့ဘက်က သခင်လေးကိုအတတ်နိုင်ဆုံးကြိုးစားပြီးကာကွယ်ရမှာပေါ့. . . "

"ဒီဘက်ကို လာမယ်ဆိုပေမယ့် ဒီနေရာကိုတော့ မသိနိုင်ပါဘူး. . . သူတို့လာစစ်မယ်ဆိုတာသိလို့ ခုချိန်ထွက်ပြေးလိုက်ရင် ထောင်ချောက်ထဲကိုတိုးဝင်သလိုဖြစ်သွားလိမ့်မယ် . . . "

"ဒါဆို . . ဒီတိုင်းပဲ ပုန်းနေကြတာပေါ့. . . . "

"အင်း. . . ကျန်ရှိနေတဲ့အဖွဲ့သားတွေအကုန်လုံးကို ဒီမှာစုထားဖို့တော့လိုတယ်. . . သူတို့ရဲ့ GPSကနေ တည်နေရာတွေကိုလိုက်ရှာပြီး ခေါ်ထားလိုက်တော့. . . "

Soulmate (Completed Story)Where stories live. Discover now