Part-65

5.9K 724 26
                                    

[Unicode]. . . . . . . . .  ဗွမ်း . . . . . . . . . . . . . . . . . . . . .. .

အေးစက်စက်ရေတွေနဲ့ကြမ်းတမ်းစွာအပက်ခံလိုက်ရတော့ ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ရှောင်ကျန့်တစ်ယောက် သတိပြန်လည်လာခဲ့လေသည်။

ထုံကြင်နေတဲ့အကြောတွေပြန်လှုပ်ရှားလို့ရသွား၍ ကြိုးစားပြီးကုန်းကြုံးထရင်း နေရာကိုကြည့်လိုက်ရာ မီးလုံးတစ်လုံးသာရှိပြီး အမှောင်ချထားတဲ့အခန်းလွတ်တစ်ခုထဲကိုရောက်နေတာ သိလိုက်ရသည်။

*ငါဘယ်ရောက်နေတာလဲ ဘာဖြစ်သွားတာလဲ . . . *

. . . . . . .  သတိရလာပြီပေါ့ သစ္စာဖောက်ကောင် . . . .

ထိုစဉ် သူ့အနီးအနားကထွက်လာတဲ့အသံတစ်ခုကြောင့် သူလှည့်ကြည့်လိုက်ရာ ထိုင်ခုံတစ်ခုမှာ ခြေချိတ်ထိုင်နေတဲ့ဘတ်ချောင်ယွမ်ကိုတွေ့လိုက်ရတော့သည်။

"သ သခင်လေး . . . "

ချောင်ယွမ်ကိုမြင်တော့ သူလန့်ပြီး ချက်ချင်းဒူးထောက်ထိုင်လိုက်မိသည်။ သူ့လုပ်ရက်ကိုကြည့်ရင်း ချောင်ယွမ်ကဟားတိုက်ရယ်နေ၏။

" ဘယ်လိုလဲ ငါ့ကိုမြင်ရတော့ ပျော်သွားလား . . . "

ထိုင်နေရာကနေ ထရပ်လိုက်ပြီး သူ့ကိုဒူးထောက်နေတဲ့ရှောင်ကျန့်ဆီသို့ချဉ်းကပ်သွားလိုက်မိသည်။ လက်ထဲမှာလည်း ဂေါက်ရိုက်တံတစ်ခုကိုကိုင်ထာပြီး ‌ကြမ်းပြင်ပေါ်တရွတ်တိုက်ဆွဲလာခဲ့သည်။

" ဒီတုတ်ကို လွမ်းနေပြီလား . . . ငါအဲ့ဒီကတည်းက မင်းကိုအသေရိုက်သတ်ပစ်ချင်ခဲ့တာ . . . ရှောင်ကျန့် . . . မင်းအပြစ်လုပ်ခဲ့တာ မင်းသိလား . . . . . "

"ကျွန်တော်တောင်းပန် . . . . "

. . . . . . . . . . ဒုတ် . . . . . . .အစ်  . . . . . . . . . . . .

ရှောင်ကျန့်ပြောစကားကိုတောင် နားမထောင်ပဲ ချက်ချင်းဂေါက်ရိုက်တံနဲ့ သူ့နားထင်ကိုဆောင့်ရိုက်ချလိုက်၏။ ဖျတ်ခနဲ အောင့်တက်သွားပြီး အရှိန်နဲ့မို့ ရှောင်ကျန့် ကြမ်းပြင်ပေါ်လဲကျသွားလေသည်။

နားထင်မှာလည်း မခံနိုင်ပဲ သွေးစတို့ယိုထွက်လာတော့သည်။ ထဖို့ကြိုးစားသော်လည်း ခေါင်းမှာဒဏ်ရာကြောင့်လေးလံနာကြင်နေသလိုခံစားရပြီး ကြမ်းပြင်ပေါ်လဲနေခဲ့၏။ ချောင်ယွမ်ကတော့ ကျေကျေနပ်နပ်ထရယ်ရင်း-

Soulmate (Completed Story)जहाँ कहानियाँ रहती हैं। अभी खोजें