Part - 15

10.7K 1.3K 44
                                    

[Unicode]နားထဲမှာ ကားတိုက်မှုရဲ့ပြင်းထန်တဲ့အသံတွေကိုကြားရပြီး ဆိုးဝါးတဲ့မြင်ကွင်းတွေထဲမှ ရုန်းထွက်ဖို့ကြိုးစားနေသူ။

. . . . . . . . . . . . ငါဘာဖြစ်သွားတာလဲ . . . . . . . . . .

သူ့ကိုယ်သူပင် ဘယ်ရောက်နေမှန်းမသိ ပိတ်ဖုံးနေတဲ့အမြင်လွှာတွေကို အတင်းဖွင့်ထုတ်ဖို့သူကြိုးစားသည်။

~ ~ ~ ~ ~ ~Yibo. . ထပါဦး . . . မင်းသေလို့မဖြစ်ဘူး . . ~ ~ ~ ~ ငါမင်းကို မရရအောင်ကယ်မယ် . .  ~ ~ ~ ~ ~

နားထဲမှာ သူအမြင်ကပ်ရတဲ့လူတစ်ယောက်အသံကို တရိပ်ရိပ်ကြားနေရာကနေ . . . . .  သူ့ရဲ့မျက်လုံးတွေဖျက်ခနဲပွင့်ဟလာခဲ့သည်။

*ငါဘယ်ရောက်နေတာလဲ ?? . . . *

မျက်လုံးဖွင့်ဖွင့်ချင်း ထူးထူးဆန်းဆန်းမျက်နှာကြတ်အပြာကြီးကို စမြင်ရသည်။ ထို့နောက် တစ်ဖက်မှာ အဝတ်ဗီရိုတစ်လုံး။ ဘေးမှာ အလှပြင်မှန်တင်ခုံပုလေးတစ်ခု။ သေချာတာ သူနေရာစိမ်းကိုရောက်နေသလို။

မူးဝေနေသောသူ့ခေါင်းကိုလက်နဲ့ဖိကြည့်ပါတော့ သူ့ခေါင်းမှာပတ်တီးစည်းပေးခြင်းခံရတာကို သိလိုက်ရသည်။ ထို့နောက် သူ့ရဲ့ညာဘက်သို့လှည့်ကြည့်လိုက်စဉ် . . -

"ဟင် ? . . "

သူ့ဘေးကကြမ်းပြင်မှာ ခွေခွေလေးလှဲအိပ်နေသော ရှောင်ကျန့်ကိုမြင်လိုက်ရတော့ ဝုန်းခနဲအိပ်ယာကနေ ကုန်းထလိုက်မိသည်။

. . . . . . . . အ . . အ . . . . . . . .  . . . . . .

သူအတင်းထလိုက်စဉ် သူ့ရဲ့လက်နဲ့ချိတ်ဆက်ထားသောရှောင်ကျန့်လက်ကိုပါဆွဲလိုက်သလိုဖြစ်သွားတော့ ရှောင်ကျန့်ပါ နာကြင်မှုတစ်ခုကြောင့် အော်ဟစ်ပြီးထလာရသည်။ Yiboလည်း သူ့ဘေးမှာ တအီအီနဲ့ထလာတဲ့ရှောင်ကျန့်ကို တအံ့တသြစိုက်ကြည့်နေရင်း -

" မင်း ဘာလို့ပစ်အော်နေတာလဲ "  လို့ မေးမိသည်။ ထိုအခါ ရှောင်ကျန့် သူု့ကိုမျက်စောင်းထိုးကြည့်ပြီး လက်ကောက်ဝတ်ကို ထိုးပြလာ၏။

"မြင်လား အနာဖြစ်နေတာ . . . ပွန်းပဲ့ပြီး အနာဖြစ်သွားတာ . . ဆေးလည်းထည့်မရဘူး . . ဒီလက်ထိပ်ကြီးခံနေလို့ . . "

Soulmate (Completed Story)Where stories live. Discover now