Part -20

10.3K 1.2K 29
                                    

[Unicode]ကားခေါင်းနဲ့ သူ့ရင်ဘတ် ဒိန်းခနဲ ဝင်ဆောင့်မိပြီး ချောက်ကမ်းပါးပေါ်က လွင့်ကျတဲ့ခံစားချက်. . . . မြေပြင်ပေါ်ဝုန်းခနဲကျသွားတဲ့အခါ ခါးရိုးတွေကျိုးကြေလောက်သည်အထိနာကြင်တဲ့ခံစားချက် . . ခေါင်းနဲ့ကတ္တရာရိုက်မိတဲ့အခါ မူးဝေပူထူသွားတဲ့ခံစားချက်. . . မခံနိုင်လောက်တဲ့ဝေဒနာပေါင်းစုံကိုပြန်ခံစားရစဉ်. -

" အား. . . . ! . . . "

သူသည်းမခံနိုင်တော့ပဲ အော်ဟစ်ရင်း အချိန်ကြာကြာလှဲလျောင်းနေခဲ့ရတဲ့အဲ့ဒီကုတင်ပေါ်ကနေ ရုတ်တရက်ထထိုင်လိုက်မိလေတော့သည်။

"ချိန်ရန်. . . ချိန်ရန်. . . . မင်းသတိရလာပြီလား. . . ချိန်ရန် ! "

လုယွင်လည်း ချိန်ရန်သတိရလာမှန်းသိတော့ တအံ့တသြနဲ့ သူ့ပုခုံးကိုအသာလှုပ်မေးလာမိသည်။ ချိန်ရန်မှာ မျက်လုံးမှိတ်လျှက်ထိုင်နေခဲ့ပြီး . . သူ့ကိုယ်သူ ဘာဖြစ်နေတာလဲ ပြန်တွေးတောမိ၏။

နားထဲမှာ သူ့ကိုအဆက်မပြတ်ခေါ်နေတဲ့အသံကြောင့် . . သူတွေးမိတာ. . . . "အကို ?? . . . "

သတိရရချင်းအကို့ကို တမ်းတမိရာကနေ သူ့ရဲ့မျက်လုံးအစုံပွင့်ဟလာခဲ့လေသည်။ ပွင့်ဟလာတဲ့သူ့မျက်ဝန်းအစုံကြောင့် လုယွင်ပင် ခဏတာငြိမ်သက်သွားခဲ့ရလေသည်။

သာမန်လူနဲ့မတူတဲ့ ပယင်းရောင် (အညိုရောင်)မျက်ဝန်းပိုင်ရှင်ကို အနီးကပ်မြင်လိုက်ရတော့ လုယွင်တကယ်ပင်အငိုက်မိသွားသည်ထင်ပါရဲ့။

*လှလိုက်တာ ! ! ! *

သာမန်လူတစ်ယောက်လို ထင်ထားခဲ့ရာက ဒီလိုထူးခြားမှုမျိုးက အမှတ်တမဲ့ လုယွင်စိတ်ကို ကိုင်ဆွဲလှုပ်လိုက်သလို ခံစားလိုက်ရသည်။

ထိုစဉ် သူ့ရဲ့သွယ်လျတဲ့လက်တို့က အရှေ့တည့်တည့်ကို ထုတ်လာခဲ့သည်။

"အကို. . ! . . . အကို. . . ! . . ကျွန်တော်ဘယ်ရောက်နေတာလဲ. . အားလုံးမည်းမှောင်နေတယ်. . . အကို. . . "

အရာရာကိုထိတ်လန့်နေတဲ့အခါ တလှုပ်လှုပ်ဖြစ်နေတဲ့သူ့မျက်ဝန်းတွေကို လုယွင်အသက်ရှုမှားလောက်အောင် ငေးကြည့်နေတုန်း - သူ့မျက်ထောင့်ကနေ မျက်ရည်စတွေစီးကျလာလေတော့၏။
ထိုအခါမှ လုယွင်သတိပြန်ဝင်ပြီး သူ့ရဲ့လက်ကိုလှမ်းဆွဲလိုက်လေသည်။

Soulmate (Completed Story)Hikayelerin yaşadığı yer. Şimdi keşfedin