Part - 32

9.2K 1K 46
                                    

[Unicode]. . . . . . . . Umm . .  ~ ~ ~. . . . . . . .

အိပ်ယာတစ်ခုထက်ကနေ နာကြင်မူး‌ဝေများနှင့်အတူ နိုးထလာသောလုယွင်။နာကြင်မှုတွေကိုသက်ပြင်းချကာအောင့်ခံရင်း သူထဖို့ကြိုးစားလိုက်သည်။

"လုယွင် နိုးလာပြီလား. . . "

"အမယ်လေး. . . .လန့်လိုက်တာ . .  "

ညက သူမူးဝေနေခဲ့တာမို့ အခန်းထဲဘယ်လိုအိပ်ပျော်သွားမှန်မသိလိုက်သည့်အပြင် ထိုကောင်လေးဘယ်လိုဝင်လာမှန်းမသိခဲ့ပါ။နိုးနိုးချင်း သူ့ကုတင်ဘေးကခုံတစ်ခုမှာ ငြိမ်သပ်စွာထိုင်ရင်း မေးလာခဲ့တဲ့ချိန်ရန်ကြောင့် လုယွင်တကယ်လန့်သွားတာပါ။

သူနိုးလာမှန်းသိတော့ ချိန်ရန်တစ်ယောက် ခုံကနေစမ်းတဝါးဝါးထလာခဲ့သည်။

"လုယွင်သတိရလာပြီလား. . . . "

" ငါကရတယ် . . မင်း ထမလာနဲ့လေ. . . .  "

ထိုတစ်ယောက် စမ်းတဝါးဝါးနဲ့ချော်လဲမည်စိုး၍ လုယွင်ကြိုးစားထလိုက်ပြီး သူ့လက်ကိုထိန်းပေးလာခဲ့သည်။ ထို့နောက် သူ့အိပ်ယာပေါ်မှာ ထိုင်စေလိုက်၏။

" ဒဏ်ရာတွေနာနေသေးလားဟင် . . ကျွန်တော်စိုးရိမ်နေတာ ခင်ဗျားဒီမနက်နိုးလာပါ့မလားလို့ . . . တစ်ချိန်လုံးစောင့်နေခဲ့တာ . . !  "

ချိန်ရန်စကားကြားရတော့ လုယွင်ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားရသည်။ သူ့ကိုစိုးရိမ်နေတဲ့ပုံရိပ်လေးက အခုထိချိန်ရန်မျက်နှာမှာ ထင်ဟပ်နေတုန်းပါ။ အရင်ကပဲ ဂရုစိုက်မခံရဖူးလို့လားမသိ . . .ချိန်ရန်စိုးရိမ်ပူပန်ပေးမှုကို သူကျေနပ်နေမိသလိုပင်။ နှုတ်ခမ်းမှာကျေနပ်သည့်အပြုံးလေး ပေါ်ထွက်လာသည်ကို ချိန်ရန်မြင်နိုင်မလား။

*ငါဘာလို့ မျက်မမြင်ကောင်လေးတစ်ယောက်ဆီက ဂရုစိုက်မှုကို ခံချင်နေရတာလဲ. . . ရူးသွားပြီလား. .  ?? . . . *

သူ့ကိုယ်သူတောင် ဝေခွဲမရဖြစ်နေရင်း. . . . .  ချိန်ရန်ရဲ့မေးစကားတွေတောင် သူသိပ်မကြားပေ။

"လုယွင်. . . ကျွန်တော်ပြောတာကြားလား. . . ! . . . "

"ဟင်. . . ဘာလဲ. . . . . "

" လုယွင်ဒဏ်ရာတွေမပြင်းဘူးဆိုရင်  အကို့စားပွဲအောက်ကအံဆွဲထဲမှာ ဒဏ်ကြေလိမ်းဆေး အနာလိမ်းဆေးတွေရှိတယ်. . . သုံးမလား. . . . "

Soulmate (Completed Story)Where stories live. Discover now