Part 2

18.8K 1.9K 16
                                    

[Unicode]စိတ်လိုက်မာန်ပါ ဂိုဏ်းနှစ်ခုရဲ့ တိုက်ခိုက်မှုတွေကြောင့် ကြားထဲမှာ ရွာသားတွေပါ ထိခိုက်ကုန်ရတော့သည်။

. . . . . . . . အား. . . . . . . . . မလုပ်ပါနဲ့. . . . . ဒိုင်း. . . . . ဒိုင်း

မဖွံ့ဖြိုးသေးတဲ့ တောရွာလေးဖြစ်တာမို့ မီးတိုင်မှိန်မှိန်လေးနှင့်ညအချိန်ကိုအလင်းပြုနေရသော Sichuanနယ်လေးမှာ ယခုတော့ တိုက်ခိုက်မှုတွေဖြင့် ပြင်းထန်တောက်ပလှသော အလင်းရောင်ကြီးဖုံးလွှမ်းလို့နေသည်။

Blackerဂိုဏ်းရဲ့အဆောက်ဦးကို Satanတွေမီးရှို့ဖျက်ဆီးရာကနေ တရွာလုံး မီးစွဲကုန်ကြရသည်။

ရွာသားတွေရဲ့ အော်ဟစ်သံများဖြင့် နယ်လေးမှာ ကြက်သီးထဖွယ်ပင်ကောင်းနေခဲ့သည်။

"မင်းတို့ကိုယ် မင်းတို့ ဘာမှတ်နေလဲ. . .  အဲ့ဒီဓါတ်ပေါင်းဖိုကို ဖြိုပစ်. . . မင်းတို့က satanအောက်မှာပဲ ရှိရမယ်. . . "

ဂိုဏ်းချင်းပြိုင်ဆိုင်တဲ့ကြားမှာမှ ရွာသားတွေမှာ ဟိုပြေးမလွတ် သည်ပြေးမလွတ် ဖြစ်နေကြရသည်။

. . . . . . . . . . . . . . ကယ်ကြပါဦး. . . .  ကယ်ကြပါဦး. . . . .

ကြီးမားလှတဲ့ မီးလုံးကြီးဟာ အားကျန့်တို့အိမ်ကိုပါ ဝါးမြိုစပြုလာတော့သည်။

"အမေ အမေ မြန်မြန် "

သူတို့တစ်အိမ်လုံးလည်း မီးရဲရဲတောက်နေ၍ ထွက်ပြေးဖို့ ပြင်ကြသည်။ ဒါပေမယ့် ဒီတိုင်းပြေးမဖြစ်ဘူးဆိုကာ မိဘရဲ့အမွေအနှစ်ဖြစ်တဲ့မြေစာချုပ်တွေ လက်ဝတ်ရတနာတချိုပကို သေတ္တာထဲကနေ အတင်းထုတ်နေသော သူ၏အမေ။

အားကျန့်မှာ အမေကိုင်ခိုင်းထားတဲ့ အဝတ်ထုတ်လေးလက်ထဲပိုက်ကာ ငိုမြဲငိုနေ၏။ သူ့အဖေကလည်း ပစ္စည်းတွေကူသမ်းကာ အထုပ်တွေပိုက်ပြီး တစ်မိသားစုလုံး မီးပုံထဲက ထွက်လာနိုင်ကြသည်။

လမ်းတစ်ဝိုက်မှာလည်း လူတွေပွက်လောရိုက်ပြေးနေကြ၏။

. . .  သေစမ်း. . . . . အား. . . . . . . .  ဒိုင်း ဒိုင်း. . . . . .

တိုက်ခိုက်မှုကြားမှာ ရွာသားတစ်ချို့မှာလည်း ကျည်ဆံတွေအောက်မှာ သွေးအလိမ့်လိမ့်ဖြင့် သေကြရသည်။ ထိုမြင်ကွင်းကို မြင်ရသော အားကျန့်ရဲ့အဖေမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့သူ့ရွာသားတွေကို ကယ်ဖို့တာဝန်ရှိတာမို့ ထွက်ပြေးရင် လွတ်နိုင်သော်လည်း ရွာသားတွေ သေကြေနေသည်ကို ဘယ်ကြည့်ရက်ပါ့မလဲ။

Soulmate (Completed Story)Where stories live. Discover now