Part - 39

7.7K 917 33
                                    

[Unicode]လုယွင်ကတော့ သူ့ကိုလာခေါ်တဲ့အဖွဲ့ဝင်တစ်ယောက်နဲ့အတူတူ အပန်းဖြေစခန်းသို့ရောက်လာခဲ့သည်။

တော်တော်များများက အဖမ်းခံလိုက်ရတာဆိုတော့ ဂိုဏ်းသားအနည်းငယ်ပဲရှိနေသည်။ ရှိတဲ့သူတွေကလည်း သေနတ်တွေ ဓါးတွေကို တစ်ခုခုအတွက်ပြင်ဆင်နေသလို. . . . .

"သူတို့ဘာလုပ်နေကြတာလဲ . . . "

လုယွင်တစ်ယောက် သိချင်စိတ်နဲ့သူ့ဘေးကအဖွဲ့ဝင်တစ်ယောက်ကိုမေးလိုက်မိသည်။ ထိုတစ်ယောက်ကလည်း စိတ်တိုတဲ့ပုံစံနဲ့ ပြောလာလေ၏။

"ဟင်း. . . သစ္စာဖောက်ကောင်ကြောင့် ငါတို့တွေဒုက္ခရောက်‌နေရတာလေ. .  ရှောင်ကျန့် အဲ့ဒီကောင် ငါတို့နေရာကို ရဲတွေသတင်းသွားပေးထားတာဖြစ်မယ်. . . ဒီကိုလာစစ်မယ်ဆိုလို့. . . အခုသခင်လေးကလည်းစိတ်နဲ့လူနဲ့မကပ်တာမို့ ငါတို့မှာကာကွယ်ပေးဖို့တာဝန်ရှိတယ် "

ထိုတစ်ယောက်စကားကြားရတော့ လုယွင်တကယ်စိတ်မချမ်းသာဖြစ်သွားရသည်။ ရှောင်ကျန့်ဘယ်လိုလုပ်ပြီးအဲ့ဒီလောက်အထိပြောင်းလဲသွားသလဲဆိုတာ ‌သူ မသိလိုက်ရ၍ပင်။ တစ်ချိန်လုံး ရင်းနှီးခင်မင်လာပေမယ့် ရှောင်ကျန့်က သူ့ကိုအများကြီးလျှိုဝှက်ထားခဲ့၍ သူ မကျေမနပ်ဖြစ်မိ၏။

"ရော့. . . . မင်းအတွက် "

ထိုတစ်ယောက်က သူ့ကို သေနတ်နဲ့သံချွန်ပြားတွေပေးလာ၏။ သူလည်းအဖွဲ့ဝင်တစ်ယောက်အနေနဲ့ သခင်လေးကိုကာကွယ်ဖို့တာဝန်ရှိတယ်မလား။

ပေးလာတဲ့လက်နက်တွေကို သူယူနေရင်း. . .

. . . . . . . . သခင်လေး . . . အထဲဝင်နေပါ. . . ကျွန်တော်တို့ကာကွယ်ပေးပါ့မယ်. . . . . . . . .

ထိုစဉ် အခန်းတစ်ခုကနေ ရိုင်ဖယ်သေနတ်လက်ကိုင်စွဲပြီး ဝရုန်းသုန်းကားနဲ့အပြင်ထွက်လာတဲ့ ချောင်ယွမ်ကိုတွေ့လိုက်ရသည်။ သူ့ဘေးမှာတော့ စီနီယာကြီးတွေက ဝိုင်းတားနေကြသည်။

"ဖယ်. . . . ငါတို့ကိုအခုလိုဖြစ်အောင်လုပ်တဲ့ ရဲတွေကို ငါကိုယ်တိုင် ရှင်းပစ်မယ်. . . ငါကဒီမှာခေါင်းဆောင်ပဲ ဖယ် ငါဦးဆောင်မယ်. . . . . "

. . . . . . . . . . . . . မလုပ်ပါနဲ့ . . . သခင်လေးအရမ်းမူးနေပြီ . . . အထဲမြန်မြန်ခေါ်သွားကြ. . . . . . . . .

Soulmate (Completed Story)Where stories live. Discover now