Part 22

10K 1.1K 14
                                    

[Unicode]Yiboမှာ သူ့သတိပေးစကားကြောင့် ခဏတာအငိုက်မိသွားရသည်။

*ငါ့အတွက် အသက်အန္တာရာယ်ရှိနေတာကို သူဘယ်လိုသိတာလဲ. . . အရင်ညက ငါ့ကိုလုပ်ကြံတဲ့အချိန် . . ဝင်ကူလာတဲ့တစ်ယောက်က သူများလား. . ?? . . . သူ့စကားတွေက ငါ့အပေါ်ဂရုစိုက်နေသလို ဘာကြောင့်ခံစားနေရတာလဲ. . . *

ထွက်ပြေးသွားတဲ့ရှောင်ကျန့်နောက်ကိုဆက်မလိုက်မိတော့ပေမယ့် သူ့ရဲ့နောက်ကျောကို မှင်သက်စွာငေးကြည့်နေမိပြီး Yiboအတွေးလွန်နေမိခဲ့သည်။

♻♻♻♻♻

. . , . . . . . . Ti . . .Ti. . . . .Ti . . . . . . . . . . . .

"ဟဲလို. . . " "ဟဲလို. . . မွန်လုယွင်ပါလားရှင်. . . ? "

storeဆိုင်တစ်ခုသို့ စီးကရက်နဲ့စားစရာတစ်ချို့သွားဝယ်စဉ် ဆေးရုံမှဖုန်းဆက်လာ၍ လုယွင် စိတ်မသန့်သလိုဖြစ်သွားသည်။

"ဟုတ်ပါတယ်. . . ဘာဖြစ်လို့ပါလဲ. . . "

"ဟို. . . . ရှင့်ရဲ့လူနာ. . . ©¥_^ ... ... ... "

"ဘာဗျ ! . . . "

Nurseမရဲ့စကားကြောင့် လုယွင်ခေါင်းပူသွားပြီး လက်ထဲကိုင်ထားတဲ့အထုတ်တွေပင် လွတ်ကျကာ ဆေးရုံသို့အမြန်ဆုံးပြေးလာခဲ့တော့သည်။ ထို့နောက် ဆေးရုံထဲသို့ -

. . . . . . . . . . . . . . ချိန်ရန်. . . . . . ဒုန်း. . . . . . . . . . .

ချိန်ရန်ရဲ့လူနာခန်းကတံခါးကို အတင်းဆောင့်ဖွင့်လိုက်ပြီး သူအထဲသို့ ပြေးဝင်လာခဲ့၏။ အခန်းထဲက လူနာကုတင်မှာတော့ စိတ်ပျက်စွာထိုင်နေတဲ့ ချိန်ရန်ကိုတွေ့ရသည်။ လူပုံစံမှာလည်း သတိရပြီးကတည်းက အခုထိ ဖြူ ဖက်ဖြူ ရော်ဖြစ်နေတုန်း။

ဆရာဝန်ကတော့ အမြင်အာရုံချို့တဲ့နေတဲ့သူတွေရဲ့မျက်လုံးကို တစ်ခုခုနဲ့အကာအကွယ်ပေးထားတာကောင်းတယ်ဆိုလို့ လွယ်လွယ်နဲ့ရခဲ့တဲ့အနက်ရောင်ပုဝါစည်းလေးကို သူ့မျက်လုံးပေါ်ပိတ်ဖုံးပေးထားခဲ့သည်။

လုယွင်အတွက်တော့ ချိန်ရန်ရဲ့လှပတဲ့ပယင်းရောင်မျက်လုံးလေးကိုထပ်မြင်ရဖို့ကမသေချာပေ။

သူအခန်းထဲဝင်ဝင်လာချင်းတွေ့လိုက်ရတာက ချိန်ရန်ရဲ့ဘယ်ဘက်လက်ကောက်ဝတ်က သွေးစို့နေသောပတ်တီးစတစ်ခု။ လူတွေတစ်ယောက်ပြီးတစ်ယောက် အသာလေးသတ်နိုင်ခဲ့ပြီး ထိုလူတွေရဲ့သွေးစိမ်းရှင်ရှင်ကိုမြင်ခဲ့ရတာသာမန်ဖြစ်သော်လည်း ချိန်ရန်ရဲ့သွေးတစ်စက်ကိုမြင်လိုက်လျှင် လုယွင်တကယ်ရင်ထိတ်ပြီး စိုးရိမ်ကြီးရလေသည်။

Soulmate (Completed Story)Onde histórias criam vida. Descubra agora