Part -28

8.6K 992 26
                                    

[Unicode]. . . . . . . . . . . . . . . . ဗွမ်း . . . . . . . . . . . . . . . . . . . . .

အေးစက်တဲ့ရေတွေ မျက်နှာကို ခပ်ပြင်းပြင်းရိုက်ချလာတဲ့အခါမှာ Yiboတစ်ယောက် သတိလစ်နေခဲ့ရာကနေ သတိပြန်ဝင်လာခဲ့သည်။ သူအသိဝင်ဝင်လာချင်း ထဖို့ကြိုးစားလေတော့ သူ့ကိုခုံတစ်ခုမှာ ထိုင်လျှက်ကြိုးတွေဖြင့်ချည်နှောင်ထားသည်ကို သိလိုက်ရသည်မို့ မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်ကာ ခေါင်းကိုမော့ကြည့်လိုက်သည်။

တစ်ခန်းလုံးမှာလည်း ကျည်သီးမီးတစ်လုံးသာ တွဲလောင်ချိတ်ထားပြီး ကျယ်ဝန်းတဲ့ဂိုဒေါင်ကြီးတစ်ခုပါပဲ။

"နိုးလာပြီလား. . . မှုခင်းခေါင်းဆောင်ကြီး . .  "

ထိုစဉ် သူ့ရှေ့တည့်တည့်မှာ မြင်လိုက်ရတာက ထိုင်ခုံတစ်ခုမှာ အငြိမ့်သား ထိုင်နေတဲ့ Mr.Basကိုတွေ့လိုက်ရ၍ ချက်ချင်းစိတ်တိုသွားရသည်။

"Mr.Bas ခင်ဗျားဘာလုပ်တာလဲ ဒါက. . .  လွှတ်ပေး. . . "

Yiboအရမ်းဒေါသထွက်ပြီး ချည်နှောင်ထားတဲ့ကြိုးတွေကြားက သူအတင်းရုန်းထွက်မိသည်။ သူ့ရဲ့မရှုနိုင်မကယ်နိုင်ဖြစ်နေပုံကို Mr.Bas ကြည့်ရင်း ကျေနပ်စွာရယ်နေလေ၏။

"hahaha. . . ကိုယ့်ကိုနှောင့်ယှက်မယ့်လူတစ်ယောက်ကို ငါကလွှတ်ပေးစရာလား. . . . "

သူ့ကိုဟားတိုက်ရယ်ပြီးပြောနေသောMr.Basရဲ့အနောက်ဘက်နံရံမှာ သွေးအိုင်ထဲလဲကျနေသောမိန်းမတစ်ယောက်ရဲ့အလောင်းကိုတွေ့လိုက်ရတော့ -

"ထိုကျို့ ??. . . . "

မျက်နှာကိုသည်းကွဲစွာမမြင်ရပေမယ့် ပုံစံသွင်ပြင်ကိုကြည့်တာနဲ့ ထိုကျို့နဲ့တူနေမှန်း Yiboရိပ်မိပြီး အံ့သြသင့်သွားရပါသည်။ Yiboနှုတ်ကနေ သူမနာမည်ထွက်လာတော့ Mr.Basကခေါင့်ငြိမ့်ပြီးရယ်လာလေ၏။

"မင်းကမှတ်မိသားပဲ. . .  ဟုတ်တယ်. . . အဲ့ကောင်မက အငြိမ်မနေပဲ ဇာတ်ကြောင်းတွေဆွနေလို့ . . . ရှင်းပစ်လိုက်တာ. . . သူ့လိုအောက်တန်းစားမတစ်ယောက်သေသွားလည်းဘာမှမထူးဘူးမလား. . .  "

Mr.Basနဲ့တစ်ဖွဲ့လုံးဟာ လူ့အသက်တစ်ချောင်းကိုတန်ဖိုးမထားတတ်၍ Yiboအရမ်းရွံရှာမုန်းတီးမိသည်။

Soulmate (Completed Story)Where stories live. Discover now