Part-41

7.8K 982 38
                                    

[Unicode]"အဲ့ဒီမှာဘာလုပ်နေတာလဲ "

တူညီတဲ့လေသံတစ်ခုနှင့်အတူ သူ့ကို တည်ငြိမ်စွာပြောလာတဲ့ Yibo . . . မျက်နှာ တစ်ဝိုက်မှာ ပလာစတာတစ်ချို့ဖြင့် သူ့ကိုကြည့်နေတော့

ရှောင်ကျန့်ခမျာ အရူးလေးတစ်ယောက်လို သူ့ရှေ့တည့်တည့်မှာ ရပ်နေတဲ့Yiboကို နှလုံးရပ်မတတ်စိုက်ကြည့်နေခဲ့သည်။

"Yiboလား Yiboအစစ်လား. . .  "

သူကြောင်တောင်တောင်နဲ့မေးလိုက်တော့ သူ့ရှေ့ရပ်နေတဲ့Yiboက မထိတထိပြုံးလာခဲ့၏။

"အင်းလေ Yiboအတုရှိလို့လား . . .  "

ခုနက အရေးပေါ်အခန်းရောက်နေတယ်ဆိုလို့လန့်သွားရပြီး အခုလိုပုံစံတွေ့ရတော့ ရှောင်ကျန့်ဘာမှမစဉ်းစားနိုင်တော့ပဲ Yiboကိုပြေးဖက်လိုက်သည်။

ဘယ်လောက်များစိုးရိမ်သွားသလဲဆိုတာ ပြေးအဖက်လွန်လို့ Yibo‌ခြေလှမ်းတွေ‌တောင် နောက်ကိုယိုင်လဲမတတ်ပါပဲ။

"မင်းတကယ်ဘာမဖြစ်ဘူးနော် တကယ်ဘာမဖြစ်ဘူးနော်. . . . . ငါတကယ်စိတ်ပူသွားတာ "

တုန်ရီနေသောအသံတွေနှင့်ပြောလာရင်း နောက်ဆက်မပြောနိုင်တော့ပဲ ရှောင်ကျန့်တစ်ယောက် မျက်ရည်တွေလျှံကျလာပြီး ထိန်းမနိုင်တော့ပဲ ငိုပါတော့သည်။

"မင်းငါ့ကိုစိတ်ပူလို့လား . . . "

Yiboတစ်ယောက်တစ်ခုခုကိုလှည့်ထားလို့ကျေနပ်နေသည့်ပုံစံနှင့် ရှောင်ကျန့်ကိုမေးနေ၏။ ဆေးရုံအဝမှာ ရှောင်ကျန့်ဟပ်ထိုးလဲပြီး သူ့အတွက် ဖိနပ်ပါကျွတ်သွားရတဲ့ပုံကို တွေ့လိုက်ရတာ တော်တော်သဘောကျနေသလိုပါပင်။

"မပူပဲနေမလား ကောင်စုတ်ကြီးရဲ့. . . ပြေးကြည့်မှ ဒီတစ်ယောက်ရှိတာကို . . .  "

နဂိုက ခေါင်းပူနေတာကြီးက Yiboကိုအကောင်းပဂတိအနေနဲ့ပြန်တွေ့လိုက်မှ သက်သာသွားသလိုဖြစ်သွားရသည်။ သို့သော်မျက်ရည်တရွှဲရွှဲနဲ့ဖြစ်နေတုန်းမို့ Yiboတစ်ယောက် အတင်းကျိတ်ရယ်နေ၏။

"ငါဘာမဖြစ်ဘူး ရပြီ လွှတ်တော့ နာတာ "

လက်ကဒဏ်ရာကိုတောင် ရှောင်ကျန့်မမြင်ပဲအတင်းဖက်ထားတာမို့ Yiboအော်မှ သူလွှတ်လိုက်၏။

Soulmate (Completed Story)Where stories live. Discover now