Part - 54

7.6K 933 31
                                    

[Unicode]ချင်းယီနဲ့စုံထောက်ဖန်တို့နှစ်ယောက်က Tianjinဘက်ကို အဆက်သွယ်လုပ်ပြီး သံသယရှိတရားခံကိုရှာဖွေခိုင်း၍ ထိုမြို့က ရဲတွေက ချင်းယီတို့ပို့လိုက်တဲ့ လုယွင်ရဲ့ဓါတ်ပုံနဲ့ပျောက်ဆုံးနေသူ ချိန်ရန်ရဲ့ပုံတွေကို လမ်းတကာမှာဖြန့်ကျက်ရင်း လှည့်ပတ်စုံစမ်းနေကြ၏။

"ဒီလူကို ဒီနားတစ်ဝိုက်မှာ တွေ့မိလား . . သံသယရှိတရားခံမို့ပါ . .  "

"ဒီလူကိုတွေ့မိကြလား "

အိမ်တကာလှည့်ပတ်မေးရင်း လှည့်ပတ်စုံစမ်းရင်း-

" waiter bill လေးတစ်ချက်လောက် . . . "

သူတို့တွေရဲ့စုံစမ်းမှုကိုသတိမထားမိပဲ ရိုးသားစွာအလုပ်လုပ်နေတဲ့လုယွင်။ သူ့ကိုယ်သူ ဂိုဏ်းသားတစ်ယောက်ဆိုတာကိုတောင် မေ့နေပြီး သာမန်လူတစ်ယောက်ဘဝမှာသာယာနေခဲ့သည်။

"ယွမ် ၈၀၀၀ကျပါတယ် "

ဧည့်သည်တစ်ချို့ကိုပိုက်ဆံစစ်ပေးနေရင်း မှန်ကြည်နံရံဘက်ကနေ ထောက်လှမ်းရေးရဲတစ်ချို့ကို လှမ်းမြင်လိုက်ရသည်။

*သူတို့ဘာလုပ်‌နေကြတာလဲ    *

နဂိုကတည်းကအပြစ်လုပ်ထားသူမို့ စိတ်မလုံ၍ လုယွင် သူ့ရဲ့waiter suit နဲ့တွဲပါတဲ့ဦးထုပ်ကို ငိုက်စိုက်စောင်းမိလိုက်သည်။ ထို့နောက်တစ်ဖက်သို့လွှဲလိုက်ရင်း -

"အားပေးမှုကိုကျေးဇူးတင်ပါတယ် . . . "

ဧည့်သည်တွေကိုနှုတ်ဆက်ရင်း သူအမြန်လှည့်ပြန်ထွက်လိုက်ရသည်။ သူအလုပ်ဆင်းတော့ ရဲတွေဘာလုပ်‌နေကြတာလဲဆိုတာ နောက်ယောင်ပြန်ခံတော့သည်။

"ဒီလူကို အနားတဝိုက်မှာ တွေ့ဖူးလား . . . "

"မတွေ့ဖူးဘူး  . . . "

"ဟင့်အင်း မသိဘူး "

"တစ်ခါမှမမြင်ဖူးဘူး "

‌လူတော်တော်များများကို မေးမြန်းနေတဲ့စုံထောက်တွေရယ် . . . နံရံတစ်ချို့မှာကပ်ထားတဲ့သူတို့ပုံတွေရယ် . . . မြင်ရတော့ လုယွင် အရမ်းထိတ်လန့်သွားခဲ့ရသည်။

*ငါ့ရဲ့အ‌‌ကြောင်းတွေကို စုံထောက်ဖန်သိသွားပြီထင်တယ် . .  မဖြစ်ဘူး မဖြစ်ဘူး . . ငါတို့နေရာကိုသူတို့သိသွားလို့မဖြစ်ဘူး . *

Soulmate (Completed Story)Where stories live. Discover now