Part-68

7.1K 806 24
                                    

[Unicode]"ရှေ့ကသွားစမ်း. . . . . "

စုံထောက်ဖန်နဲ့ချင်းယီလည်းဆုံခဲ့ကြဟန်ရှိသည်။ စုံထောက်ဖန်ကတော့ သူဖမ်းမိလာတဲ့‌ ရောင်းသူမိန်းမကို ဖမ်းချုပ်ပြီး အဆောက်အုံအနှံ့ သူတို့လျှိုဝှက်ထားတဲ့နေရာတွေကို လိုက်ပြခိုင်းတော့သည်။ အနောက်မှာလည်းများပြားတဲ့ရဲတစ်ဖွဲ့ပါလာလေ၏။

. . . .ရဲတွေ  . . . . . . . ပြေးဟေ့ . . . . . . . . . . . .

သူမကလည်း မညာရဲလေတော့ အဆောက်အုံကိုအမှန်ပြောပြသတင်းပေးခဲ့ခြင်းပင်။ သူတို့ဝင်ဝင်ချင်းမှာပဲ ပြေးလာကြတဲ့လူအုပ်တွေနဲ့တိုးတော့၏။ ကြည့်ရတာလောင်းကစားသမားတွေပါ။

"ဟေ့ မပြေးနဲ့ . . . . "

ထိုလူတွေနဲ့ရဲတွေအပေါက်ဝမှာလုံးလဲလို့နေခဲ့ကြသည်။

"စုံထောက်ဖန် စုံထောက်လီ မြေအောက်ခန်းကိုအခုရှာပါ . . . "

ချင်းယီလည်း အဆောက်ဦးမှာမြေအောက်ခန်းရှိတာသတင်းရပြီးဖြစ်တဲ့ မူလဆေးထုတ်လုပ်တဲ့ထိုမြေအောက်ခန်းကိုရှာဖို့ တခြားလမ်းကနေ ဝင်ကြတော့သည်။

တခြားရှိနေတဲ့တံခါးဝတစ်ခုကနေ ဟောခန်းထဲကို သူတို့တစ်ဖွဲ့ဝင်နိုင်သွားကြသည်။

"သူမပြောတာ . . . အနောက်ဘက်အခန်းကမြေအောက်ခန်းအပေါက်ရှိတယ်ပြောတယ် "

"အိုကေ ဝင်ကြည့်ကြတာပေါ့ "

သူတို့လည်းဟောခန်းထဲဝင်ဝင်ချင်း မြေအောက်ခန်းကိုရအောင်ရှာဖို့ အားထုတ်နေစဉ် ချင်းယီတစ်ယောက်ခြေလှမ်းတချို့ရပ်တန့်သွားခဲ့သည်။

"ချင်းယီမိန်းကလေး . . . "

တုန်ယင်နေတဲ့အသံနဲ့ သူ့နာမည်ကိုခေါ်သံကြားတော့ သူမတစ်ဖက်ကိုလှည့်ကြည့်လိုက်မိသည်။ မျက်နှာမှာဒဏ်ရာတွေနဲ့သူမကိုစိုက်ကြည့်နေတဲ့ စည်းဝိုင်းဆီက ရှောင်ကျန့်။ ဘာလို့အဲ့ဒီထဲမှာပိတ်မိနေလဲတော့ သူမ မသိ။

ဒါပေမယ့် ရှောင်ကျန့်ရဲ့မျှော်လင့်ချက်မျက်ဝန်းတွေက သူမရှေ့တည့်တည့်မှာကျနေတဲ့သော့ကိုပင်။ သူမလည်းထိုသော့ကိုငုံ့ကြည့်ရင်း -

💮💮💮💮💮

"မပြေးနဲ့ . . . "

Yiboကတော့ ချောင်ယွမ်နောက်ကို ထပ်ကြပ်မကွာဆက်လိုက်နေရင်းကနေ အဆောက်ဦးအပြင်ဘက်ကိုရောက်သွား‌တော့သည်။ ချောင်ယွမ်ကြည့်ရတာ သူ့ကိုတစ်နေရာရာမြှားခေါ်နေတဲ့ပုံပါ။

Soulmate (Completed Story)حيث تعيش القصص. اكتشف الآن