Part -23

9.9K 1K 32
                                    

[Unicode]"ကျွန်တော်ရောလိုက်မယ်လေ. . . ! "

"အာ. . . နေပါ. . . မင်းအရမ်းပင်ပန်းနေပြီမလား. . . ခဏနားနေလိုက်. . . အယ်. .  ဘယ်မှတော့လျှောက်မသွားနဲ့ ဒီနေရာမှာပဲနေနော်. . .  "

သူ့ကိုကောင်းစေချင်လို့ပြောတာမို့ လိမ်မာလိုက်တဲ့ချိန်ရန်ကထပ်ပြီးမငြင်းဆန်ပဲခေါင်းငြိမ့်ကာ ထိုနေရာမှာစောင့်နေခဲ့သည်။ လုယွင်လည်း သူ့ကိုသိပ်စိတ်မချတာမို့ အမြန်ဆုံးပြေးသွားဝယ်တော့၏။

လုယွင်နဲ့ခဏတာဝေးရတဲ့အချိန်တွေမှာ သူ့ရဲ့လက်ကလစ်ဟာမှုတွေကိုခံစားနေရသည်။ ထို့ပြင် ချောက်ကမ်းပါးထိပ်ကိုပြန်ရောက်သွားသလို ကြောက်လန့်မှုတစ်ချို့ကို သူခံစားနေမိသည်။
ဒါပေမယ့် လုယွင်မကြာခင်ပြန်လာမှာဆိုတဲ့အသိနဲ့ သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း စောင့်နေခဲ့လေသည်။

. . .  . . . . . . . . .  ဒုန်း. . . . . . အ. . . . . . . . . . . . . . . .

ထိုစဉ် သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားသောလူကြီးတစ်ယောက်နဲ့ဘေးကသူ့ရည်းစားလို့ထင်ရတဲ့အသက်ငယ်ငယ်မိန်းကလေးတစ်ယောက် စာအုပ်စင်သို့ခြေဦးတည်လာကြရင်း. . .  သူ့ဘာသူမတ်တတ်ရပ်နေတဲ့ချိန်ရန်ကို ဝင်တိုက်မိပါတော့သည်။ ချိန်ရန်မှာ လေးဘက်လေးလံ ဘာရှိမှန်းမသိ၍ ဝင်တိုက်ခံရတဲ့အခါမှာ လေဟာပြင်ထဲမျောပါသွားသလိုခံစားရပြီး ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။

. . . . . . . . . . . အား. . . . . အဟင့် အဟင့်. . . . , . . . .

သူနဲ့တိုက်မိတဲ့မိန်းကလေးကတော့ မလဲပေမယ့် ဒေါက်ဖိနပ်ကချော်ပြီး ခြေကျင်းဝတ်လိမ်သွားတာသေချာပါတယ်။ သူမအော်တော့ သူ့ရည်းစားထိုလူကြီးက ပြာပြာသလဲဖြစ်ရောပေါ့။ လဲနေတဲ့သူကိုတောင်မမြင်။ (rsတွေမုန်းဖို့ကောင်းတာ . . ပတ်ဝန်းကျင်ဂရုမစိုက်. . .  သူတို့ roချင်တာပဲသိ . .   )

"ချစ်ကလေး. . . ဘာဖြစ်သွားသေးလဲ. . . . "

ဘေးကလူနှစ်ယောက်အသံအကြားရတော့ ချိန်ရန်လည်း မမြင်မကန်းနဲ့ ကြိုးစားပြီးထလိုက်လေသည်။ သူ့ကြောင့်တိုက်လဲသွားတာလို့ယူဆပြီး ချိန်ရန်လည်းပြန်တောင်းပန်ဖို့လုပ်၏။ ဘဝမှာ မမြင်မကန်းနဲ့သူစိမ်းတစ်ယောက်ကို စကားပြောရတော့မယ်ဆိုတော့ သူ့ရင်တွေဗြောင်းဆန်ပြီးတုန်လှုပ်နေခဲ့တာအမှန်ပါ။

Soulmate (Completed Story)Where stories live. Discover now