Part - 30

9.5K 1.1K 62
                                    

[Unicode]Yiboရဲ့စကားကြောင့် ရှောင်ကျန့်လည်း ရင်ခုန်မိသွားပေမယ့် ရင်လေးမိတာကပိုသည်။ သူ့လိုလူဆိုးတစ်ယောက်က Yiboရဲ့သူငယ်ချင်းမဖြစ်ထိုက်တာမို့ မသိစေချင်ခဲ့သော်လည်း ရင်ထဲမှာမြိုသိပ်ဖုံးကွယ်ခဲ့ရတဲ့ပူလောင်မှုကြီးကတော့ လျှောကျသွားသလိုခံစားလိုက်ရသည်။

သူ့မှာလည်း ထိန်းထားရတဲ့မျက်ရည်တွေက ပါးပြင်ပေါ် အသာစီးကျလာလို့။ သိသွားပြီဆိုတော့လည်း သူဘာတတ်နိုင်ဦးမှာလဲ ။ ထပ်ပြီးငြင်းဆိုဖို့အားမရှိတော့တာကြောင့် သူငယ်ချင်းဖြစ်သူကိုပြုံးကြည့်နေရုံမှလွဲ၍ တခြားမရှိတော့ပေ။

" မင်းမှတ်မိပြီပေါ့. . . ဒိုရာ ! . . . . "

#. . . . . မင်းလိုမိမဆုံးမ ဖမဆုံးမ . . နှမချင်းမစာနာတဲ့ကောင်. . .  #

ရှောင်ကျန့်ကို သူအားရပါးရ မှိုချိုးမျှစ်ချိုးပြောခဲ့တာတွေ. . . မုန်းတီးခဲ့တာတွေ . . . အမြင်ကပ်ခဲ့တာတွေ . . . သူပြန်တွေးမိပြီး ကိုယ့်ကိုယ်ကိုပင်အပြစ်ရှိသလို Yiboခံစားလိုက်ရသည်။ ထို့နောက်တုန်ရီနေသော သူ့နှုတ်ခမ်းထက်မှ တောင်းပန်တယ် ဆိုတဲ့စကား ထွက်လာခဲ့သည်။

"ငါ . . . ငါတကယ်တောင်းပန်ပါတယ် ရှောင်ကျန့်. . . ငါမင်းအပေါ် အများကြီးမှားခဲ့မိတယ်. . . မင်းငါ့ကိုကယ်တာကိုငါမမြင်ပဲ အပြစ်တွေပဲငါမြင်နေမိခဲ့တယ်. . . . . ငါ ငါတကယ် . . "

"Yibo!. .  မင်းအနောက်မှာ -  "

ထိုစဉ် ရှောင်ကျန့်ထင်ထားတဲ့အတိုင်း သူတို့ကိုရှာလာတဲ့လူဆိုးတွေ။ ထိုထဲကမှ တစ်ယောက်က သူတို့နှစ်ယောက်ကိုမြင်ပြီး လက်ထဲကကိုင်ထားတဲ့ တုတ်တစ်ချောင်းဖြင့် Yiboကိုရိုက်ဖို့ရွယ်လိုက်သည်။

Yiboကကျောပေးရပ်ထားသည်မို့မမြင်ရသော်လည်း ရှောင်ကျန့်ကသတိထားမိလိုက်ပြီး Yiboရဲ့ပုခုံးကို ဘေးသို့တွန်းဖယ်လိုက်ရာ. . . . 

. . . . . . . . . . . . ဒုတ်. . . . . . .  အစ်. . . . . . . . . . . . . . 

ထိုလူဆိုးရဲ့ရိုက်ချက်က ရှောင်ကျန့်ရဲ့ဘယ်ဘက်ပုခုံးကို ပြင်းထန်စွာထိမိသွားလေတော့သည်။ နဂိုက ဒဏ်ရာဟောင်းရှိနေခဲ့တဲ့နေရာကို ထပ်၍ ထိသွားခဲ့သည်မို့ ရှောင်ကျန့်တစ်ယောက် တစ်ချက်တည်းနဲ့ မြေပြင်ပေါ်ပျော့ခွေလဲကျသွားတော့သည်။

Soulmate (Completed Story)Where stories live. Discover now