Part -9

12K 1.5K 89
                                    

[Unicode]ရဲမှုးချုပ်ရဲ့အကြံပေးအရာရှိဖြစ်သူ Mr.Bas ရုံးခန်းသို့ ရောက်ရှိလာကြသူ Yiboနဲ့ သူ့တပည့်။

"ဝင်ခွင့်ပြုလိုက်ပါ. . .  "

Mr.Basဟာ Satanဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်နေပေမယ့် သူ့ရဲ့ဟန်ဆောင်ရာထူးကတော့ မြို့ထိုင်ရဲမှုးရဲ့ အကြံပေးအရာရှိ ဖြစ်လို့နေခဲ့သည်။ သူတို့နှစ်ယောက် ဝင်လာတော့ Mr.Basဟာ တည်ငြိမ်စွာ အေးအေးဆေးဆေး ထိုင်ခုံမှာထိုင်လိုက်သည်။

Yiboနဲ့သူ့လက်ထောက်လည်း မျက်နှာချင်းထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။ .

"ဘာကိစ္စနဲ့များ ရောက်လာကြတာလဲ. .  ခေါင်းဆောင်အသစ်လေး. .  "

Mr.Basကခနဲ့စွာမေးလိုက်တော့ Yibiက တံဆိပ်ပြားကို စားပွဲပေါ်တင်ပြလာသည်။

"ဒီတံဆိပ်ပြားကို ခင်ဗျားသိမှာပါနော်. . . ခင်ဗျားကိုအကျိုးပြုပေးနေတဲ့အဖွဲ့မလား. . .  "

လည်လည်ဝယ်ဝယ်ရှိတဲ့ Yiboကို Mr.Basလှည့်စားနိုင်ပါ့မလား။ သူ့ကိုသံသယအကြည့်နဲ့ကြည့်နေတော့ Mr.Basက ဘာမဖြစ်သလိုနှင့် တံဆိပ်ပြားကို ကိုင်ကြည့်ကာ ဟားတိုက်ရယ်တော့သည်။

" ဒီမယ် ခေါင်းဆောင်သစ်လေး. . . ဟာသတွေလာမလုပ်ပါနဲ့. . . ကလေးကုလား ဘယ်ကမှန်းမသိတဲ့ဒီတံဆိပ်ပြားနဲ့ ကျုပ်နဲ့ဆိုင်တယ်ပြောချင်တာလား. . . ဒါကအဖွဲ့တံဆိပ်တဲ့လား. . . ဘယ်မလဲ အဖွဲ့. .  ??. . . "

" အဖွဲ့နာမည်က Satan ??. .  သူတို့က အဖမ်းမခံရအောင် အုပ်စုခွဲနေတတ်ကြတယ်. .  သူတို့ရဲ့ဗဟိုတည်နေရာကိုလည်း ခေါင်းဆောင်က အလိုလိုရွှေ့ပြောင်းတတ်တယ်တဲ့. . . မကြာခင်ကမှ သစ်စက်ရုံကိုလိုချင်လို့ ရုမိန်လောင်ကို မတရားသတ်ခိုင်းခဲ့တာ. . . အခုတော့ ပိုင်ရှင်မဲ့ဆိုပြီး သိမ်းယူလိုက်တဲ့ခင်ဗျားက အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေနိုင်တယ်မလား. . .  "

Mr.Basရဲ့မျက်ဝန်းကိုအကဲခတ်ကာ Yiboတရဆက်ပြောနေမိသည်။ Mr.Basကတော့ အေးဆေးစွာရယ်ရင်း -

"hahaha. . . . ခေါင်းဆောင်လေး. . . မင်းကအကြောင်းစုံသိနေတာကို. .  အဲ့ဒီSatanအဖွဲ့ခေါင်းဆောင်က မင်း မဟုတ်ဘူးလား. . . "

"ဘာဗျ !. .  "

သူခိုးကလူပြန်ဟစ်နေတယ်ပုံစံဖြစ်နေတာမို့ Yiboအနည်းငယ်ဒေါသထွက်ပြီး မေးလိုက်မိသည်။

Soulmate (Completed Story)Där berättelser lever. Upptäck nu