Part - 17

10.3K 1.3K 36
                                    

[Unicode]. . . . . . . ကဲ ကဲ. . . . . ရလာပြီ. . . . . . . ရလာပြီ. . . . . . .

ထိုစဉ် လုပ်သားကြီးနှစ်ယောက်ပြန်ရောက်လာပြီး ထက်တဲ့သံဖြတ်စက်တစ်လုံးယူလာခဲ့သည်။ သူတို့ရောက်လာမှ Yiboဒေါသကိုလျှော့လိုက်ပြီး တစ်ဖက်သို့မျက်နှာလွှဲသွားခဲ့သည်။

. . . . .  ကဲ. . . . . . . စဖြတ်ပြီနော်. . . . . . . . . . . . . . . .

မကြာခင်မှာပဲ သူတို့နှစ်ယောက်ကို ချည်နှောင်ထားတဲ့သံလက်ထိပ်လေး နှုတ်ဆက်ရမယ့်အချိန်သို့ ရောက်လာခဲ့လေသည်။

♻♻♻♻♻♻♻

ဆေးရုံရဲ့တစ်ထောင့်တစ်နေရာမှာတော့ ကိုမာနဲ့မေ့မျောနေတဲ့ချိန်ရန်ကို လုယွင်ပြုစုပေးလို့နေခဲ့သည်။ အကိုဖြစ်သူက အလုပ်နဲ့တစ်ချိန်လုံးမအားခဲ့တာမို့ သူ့ကိုရေပတ်တိုက်ပြီး သေချာပြုစုပေးမယ့်သူ မရှိခဲ့ပေ။ Nurseတွေကလည်း ချို့တဲ့သူမို့ သိပ်ပြီးအလေးမထားခဲ့ပေ။

ဒါပေမယ့် လုယွင်ကတော့ ကိုယ်တိုင် စိတ်ပါလက်ပါနဲ့ ချိန်ရန်ကိုပြုစုပေးခဲ့၏။ သူ့ရဲ့လက်သည်းတွေကို ကိုက်ညှိပေးပြီး လက်ဖမိုးတွေကို သေချာရေပတ်တိုက်ပေးနေခဲ့သည်။

*မင်း ဘယ်ချိန်များ သတိရလာမှာပါလိမ့်  . . . !  *

လုယွင်လည်း ငြိမ်သက်စွာမေ့မျောနေတဲ့ချိန်ရန် သတိရလာမယ့်အချိန်ကို မျှော်နေမိသည်။ သေချာရေပတ်တိုက်ပေးနေခဲ့ပြီး တဘတ်နဲ့ရေဇလုံကိုကိုင်ကာ သူခဏအပြင်ထွက်သွားခဲ့၏။

ထိုရေတွေကို သန့်စင်ခန်းမှာ သွန်ချရင်း သူ့လက်တို့ကိုဆေးကြောနေခဲ့သည်။

*ရှောင်ကျန့် ငါ့ဆီ မဆက်သွယ်လာတာ တော်တော်ကြာပြီပဲ. . . အခန်းလည်းပြန်မလာဘူး. . .  သူဘယ်များသဝေထိုးနေတာပါလိမ့်. . . . *

ဘာပဲဖြစ်ဖြစ် ရှောင်ကျန့်က သူ့ကိုမုန်းသွားခဲ့သည်မဟုတ်လား။သူငယ်ချင်းဖြစ်ပြီး ယုံကြည်လို့မရဘူးဆိုကာ နာကြည်းသွားခဲ့သည်မို့ သူစိတ်ပြေတဲ့အချိန်မှ ပြန်လာပါစေငြား လွှတ်ထားပေးမိခဲ့သည်။
ဒါပေမယ့် သူပြန်မလာတာ တစ်ရက် နှစ်ရက် မကတော့ဘူးလေ။ သူစိတ်ဆိုးတဲ့ပုံက မိန်းကလေးထက်တောင် သာနေပြီလား။

Soulmate (Completed Story)Where stories live. Discover now