Part - 29

10.2K 1.2K 94
                                    

[Unicode]Yiboနဲ့စုံထောက်ဂျန်မှာ တစ်နေရာဆီ ချုပ်နှောင်ခံထားရပြီး အဖွဲ့သားတော်တော်များများရဲ့စောင့်ကြည့်ခြင်းကိုခံနေရသည်။ လုယွင်ကတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ထိုနေရာမှာ ရှိနေခဲ့သည်။

အဝေးထောင့်တစ်နေရာမှာတော့. . . ထိုကျို့ဆိုတဲ့သူမရဲ့အလောင်းကလည်း ရှိနေဆဲ။ ကြည့်ရတာ သူတို့အားလုံးကိုတစ်ခါတည်းရှင်းပြီး လက်စဖျောက်မည့်ပုံပေါ်သည်။

ညသည် မှောင်မိုက်နေပြီး အအေးဓါတ်က ကြမ်းတမ်းလှသည်။ Yiboမှာ ရေစိုကြီးနဲ့ မျက်နှာမှာဒဏ်ရာတစ်ချို့နဲ့ အေးခဲမှုကို ခံစားနေခဲ့ရသည်။

လုယွင်တို့ကတော့ သူတို့အလယ်မှာ မီးပုံတစ်ပုံပြုလုပ်ခဲ့ကြပြီး ဝိုင်းဖွဲ့ထိုင်နေကြသည်။ တချို့ကလည်း ဆေးလိပ်တဖွာဖွာနဲ့ -

သူတို့ကိုမြင်ရတော့ အမြဲဆေးလိပ်တဖွာဖွာလုပ်တတ်တဲ့ရှောင်ကျန့်မျက်နှာကို Yiboမြင်ယောင်မိလာသည်။ ယခင်က သူ့ရဲ့စို့နစ်စရာအမှုအရာတစ်ခု။ Yiboတကယ်ခန့်မှန်းရခက်နေသည်။

*သူငါ့ကိုသတ်ဖို့ ဘာလို့ဝန်လေးနေတာလဲ ??. . . *

. . . . . . . . . . Ti Ti Ti Ti . . . . . .. . . . . . . . . .  .

ထိုစဉ် လုယွင် ဖုန်းမြည်လာ၍ ထကိုင်လိုက်၏။

"ဟဲလို. .  "           "အင်း. . . လုယွင် ~ ~ "

ဖုန်းဆက်လာတဲ့တစ်ဖက်ကရှောင်ကျန့်ရဲ့အသံက တုန်တုန်ရီရီနဲ့ လည်ပင်းအက်ကွဲသံလိုဖြစ်နေတာမို့ လုယွင်စိတ်ပူသွားရသည်။

"ရှောင်ကျန့် ! ရှောင်ကျန့်    မင်းဘာဖြစ်လို့လဲ. .  ရှောင်ကျန့် "

လုယွင်တစ်ယောက် သူ့နာမည်ကိုခနခနခေါ်ပြီး စးိုရိမ်တကြီးပြောနေလေတော့ Yiboသူ့ကို သိချင်စိတ်နဲ့ငေးကြည့်မိသည်။

"ရှောင်ကျန့် မင်းဘာဖြစ်လို့လဲ ပြောလေ. . . . "

" ငါ့ခေါင်းတွေအရမ်းမူးနေတယ်. . . . ရုတ်တရက်ကြီးဘာဖြစ်မှန်းမသိဘူး. . . မျက်လုံးတွေလည်းပြာနေပြီ. . . ငါ့ကိုကူပါဦး. .  ~ "

ထိုစဉ် ရှောင်ကျန့်ရဲ့စကားကြောင့် လုယွင်စိတ်ပူဇောတက်သွားရကာ -

Soulmate (Completed Story)Onde as histórias ganham vida. Descobre agora